နှစ်သစ်အစမှာပဲစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာနိုင်ငံတော်အဆင့်ဆုတံဆိပ်၊ဘွဲ့တံဆိပ်ပေါင်းများစွာကိုအခမ်းအနားနဲ့တကွပေးအပ်နေတယ်။ဆုပေးရာမှာလဲအရည်အချင်းနဲ့စွမ်းဆောင်ရည်ပေါ်မှာမမူတည်တော့ပဲကလေးကအစခွေးအဆုံးပေးနေတယ်။နိုင်ငံတော်အာဏာကိုအကြမ်းဖက်လုယူထားပြီးသမ္မတမဖြစ်သေးပဲနဲ့သမ္မတအဆောင်အယောင်တွေကိုလဲအရှက်မရှိဆင်မြန်းထားသေးတယ်။ဒီလူသမ္မတရူးရူးနေတာဟန်မဆောင်နိုင်လောက်အောင်ပဲ။
လွတ်လပ်ရေးနေ့မှာလဲဟန်ပြအကျဉ်းသားတွေကိုလွတ်ပေးသေးတယ်။တချို့တွေကဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတခုခုထူးခြားလိမ့်မယ်လို့မျှော်လင့်ခဲ့ပေမယ်ံဘာမှတော့ဖြစ်မလာသေးပါဘူး။သူမကိုမလွတ်ပေးသ၍စစ်ကောင်စီဟာထွက်ပေါက်ပိတ်နေဦးမှာပဲ။