ဒီနေ့လွတ်လပ်ရေးနေ့မှာကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့ကစစ်တပ်ရဲ့နောက်တန်းအထိုင်တပ်ရင်းသုံးခုကိုKNUကတပြိုင်နက်တိုက်ခိုက်သိမ်းပိုက်နေတယ်။မနေ့ညကတည်းကတိုက်ပွဲဖော်ဆောင်ဖို့ချဉ်းကပ်ခဲ့တာဖြစ်ပြီးဒီမနက်အစောပိုင်းမှာစတင်တိုက်ချုက်နေတယ်။လောလောဆယ်မှာတပ်ရင်းနှစ်ခုကိုသိမ်းပိုက်ရရှိပြီးကျန်တပ်ရင်းတစ်ခုကိုဆက်လက်တိုက်ခိုက်နေတယ်လို့သိရတယ်။စစ်တပ်ဘက်ကအကျအဆုံးများစွာရှိပြီးတပ်ရင်းမှုးတစ်ယောက်ရဲ့ဇနီးကိုဖမ်းဆီးရမိတယ်လို့သတင်းတွေထွက်ပေါ်နေပေမယ့်အတည်မပြုနိုင်သေးပါ။ထိုမြို့နယ်မှာအထိုင်ချထားတဲ့တပ်ရင်းသုံးခုလုံးတပြိုင်နက်တိုက်ခိုက်ခံရတဲအတွက်စစ်တပ်ကမြေပြင်စစ်ကူမပေးနိုင်တော့ပဲလေကြောင်းနဲ့လက်နက်ကြီးပစ်ကူတွေကိုအားကိုးပီးပြန်လည်ခုခံနေတယ်။နေပြည်တော်မှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့အပေါင်းအပါတသိုက်ဗိုလ်ရှုခံနေချိန်မှာကရင်ပြည်နယ်ဘက်တော့အောက်ခြေမှာတပ်ပျက်နေပြီပေါ့။