တရုတ်နိုင်ငံကမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အသစ်ခန့်အပ်လိုက်တယ်။စစ်ကောင်စီကိုဘယ်လိုမှသိမ်းသွင်းဖျောင်းဖျလို့မရတဲ့ကိုယ်စားလှယ်လောင်းကိုတာဝန်မှရုပ်သိမ်းပြီးအခုရက်ပိုင်းတင်အသစ်ခန့်အပ်လိုက်တာပါ။အဆိုပါအထူးကိုယ်စားလှယ်အသစ်ဟာမြန်မာပြည်ကိုရောက်လာပြီးစစ်ကောင်စီနဲ့တွေ့ဖို့ရှိတယ်။မြန်မာပြည်မလာခင်မြောက်ပိုင်းEAOအဖွဲ့တွေနဲ့တွေ့ဆုံပီးပြီ။EAOတွေကတော့မိတ်ဆက်တဲ့သဘောတွေ့ဆုံတယ်လို့ပြောပေမယ့်အဲ့ဒီနောက်မှာနက်နဲတဲ့ဆွေးနွေးမှုတွေရှိနေမှာတော့အသေအချာပဲ။US NDAAထွက်ပြီးနောက်ပိုင်းမြန်မာပြည်ကိုတရုတ်ကိုယ်စားလှယ်အသစ်ချက်ချင်းရောက်လာတာတိုက်ဆိုင်မှုတော့မဖြစ်နိုင်ဘူး။NDAAကိုတန်ပြန်ဖို့စစ်ကောင်စီနဲ့ပေါင်းပြီးနည်းလမ်းတွေရှာကြလိမ့်မယ်။ဖမ်းဆီးခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်တောင်းလိမ့်မယ်။ဒါပေမယ့်အခုနောက်ပိုင်းမှာတရုတ်နဲ့စစ်ကောင်စီဟာအစေးသိပ်မကပ်တော့တဲ့အတွက်သူတို့အကြံအစည်တွေအောင်မြင်မယ်မထင်ဘူး။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


