မန္တလေးမြို့ နာမည်ကြီးပုဂ္ဂလိကဆေးရုံ ၅ ခုကို ယခုနှစ် ဒီဇင်ဘာလကုန်နောက်ဆုံးထား၍ ပိတ်သိမ်းရန် စစ်ကောင်စီက အမိန့်ပေးထားတယ်။ပိတ်သိမ်းခံရတဲ့ဆေးရုံတွေကတော့ မြို့တော်၊ နန်းတော်၊ ကံ့ကော်၊ ထက်နေလင်း၊ စိန်ပန်းတို့ဖြစ်ပြီး ၄ လခန့် ပိတ်သိမ်းမည်ဟု သိရတယ်။ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နန်းတော်နှင့် မြို့တော်ဆေးရုံတို့မှ အထူးကုဆရာဝန်ကြီးတစ်ဦးအပါအဝင်ကျန်းမာရေးဝန်ထမ်းသုံးဦးကို စစ်ကောင်စီကဖမ်းဆီးပြီးနောက်ယခုကဲ့သို့အမိန့်ပေးခဲ့ခြင်းပါ။စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့်ဝန်ထမ်းတွေလည်း အလုပ်လက်မဲ့ ဖြစ်ကုန်ကြတယ်။ လူနာတွေလည်း အခက်အခဲဖြစ်ကုန်ကြပြီ။ ဆင်းနိုင်တဲ့ အခြေအနေဆို အကုန်ဆင်းပေးနေပြီ။ ဒုက္ခတွေလည်း ရောက်ကြတယ်။
ဒီဇင်ဘာ၂၄ မှာ မြို့တော်ဆေးရုံမှ ဓာတ်မှန်ကျွမ်းကျင်အမျိုးသမီးနှစ်ဦးကို စစ်ကောင်စီက အရပ်ဝတ်ဖြင့်ဝင်ရောက်ဖမ်းဆီးခဲ့တယ်။နောက်တစ်နေ့မှာ နန်းတော်ဆေးရုံမှ ဆီးနှင့်ကျောက်ကပ်အထူးကု CDM ဆရာဝန်ကြီး ဒေါက်တာဝင်းခိုင်ကို လူနာဟန်ဆောင်ကာ သေနတ်ထောက်၍ ဖမ်းဆီးသွားခဲ့တယ်။ထို ၂ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို ထောက်ပံ့သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့တာပါ။
စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဆန့်ကျင်သူများထဲတွင် မန္တလေးမြို့မှ ကျန်းမာရေးဝန်ထမ်းများက ထိပ်ဆုံးမှ ပါဝင်ခဲ့ပြီး တိုင်းအတွင်းရှိ ကျန်းမာရေးဝန်ထမ်းတွေ CDM ပြုလုပ်မှု၏ ရာခိုင်နှုန်း ၈၀ အထိရှိတယ်လို့သိရတယ်။