၂၀၂၂ကုန်လို့၂၀၂၃ကိုကူးပြောင်းခဲ့ပါပြီ။မြန်မာပြည်ကတော့စစ်အာဏာရှင်လက်အောက်မှာဆက်လက်တည်ရှိနေဆဲပဲ။၂၀၂၃မှာတော့အဆုံးအဖြတ်တစ်ခုလုပ်ကြမယ်လို့တော်လှန်ရေးအင်အားစုတွေအကုန်အားခဲထားကြတယ်။ဒီနေ့NUGသမ္မတကြီးရဲ့မိန့်ခွန်းမှာလဲဒါကိုထပ်လောင်းအတည်ပြုသွားတယ်။ဒီနှစ်ကတော့အဆုံးအဖြတ်တိုက်ပွဲကြီးတွေနဲ့အတူစစ်ပွဲတွေပိုမိုပြင်းထန်လာမယ့်နှစ်ပဲ။
မနေ့ညကနှစ်သစ်ကူးညကတော့ဘာထူးခြားမှုမှမရှိပဲကုန်ဆုံးသွားတယ်။စိုးရိမ်ထားခဲ့သလိုဖြစ်မလာခဲ့တဲ့အတွက်စိတ်အေးရတယ်။ဒီလိုအချိန်မှာပြည်သူတွေထဲကဘယ်သူ့ကိုမှမထိခိုက်စေချင်ဘူး။