Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

မြောင်မြို့နယ်၊ ပန်းညိုရွာက နေအိမ် ၂၀၀ လောက်မီးရှို့ခံရ

January 10, 2023
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရိုးဘေးတည်ရှိတဲ့ ပန်းညိုရွာက နေအိမ် အလုံး ၂၀၀ လောက်ကို ဇန်နဝါရီလ ၉ရက်နေ့ နေ့လည် ၂နာရီလောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့ တယ်လို့ မြေပြင်သိရှိသူနဲ့ ဒေသခံတွေထံကသိရပါတယ်။

အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ ပန်းညိုရွာရဲ့ မြောက်ဘက်ကနေစတင်ပြီး နေရာအများအပြားကို နေ့လည် ၂နာရီ မှာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေက ပူးပေါင်းမီးရှို့ခဲ့ပြီး ညနေ ၄နာရီလောက်မှာ ရွာအတွင်းကနေ ထွက်ခွာကာ ဧရာဝတီမြစ်တဘက်ကမ်းကို ကူးသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ပန်းညိုရွာကို ဇန်နဝါရီ ၉ရက်နေ့ မနက်ပိုင်းကစလို့ စစ်ကောင်စီအဖွဲ့တွေဝင်ရောက်ပြီးချိန်မှာ ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။

ပန်းညိုရွာဟာ စစ်ကိုင်းတိုင်းမြောင်မြို့နယ်ထဲမှာတည်ရှိပေမယ့် မန္တလေးတိုင်းက မြင်းခြံနဲ့ မကွေးတိုင်းက ရေစကြိုစတဲ့မြို့နယ်တွေနဲ့ ရေကြောင်းကုန်းကြောင်းထိစပ်မှုရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

ပန်းညိုရွာက စစ်ကြောင်းက ဧရာဝတီမြစ်တဘက်ကမ်းကို ကူးပြီး တလုတ်မြို့ကနေတဆင့် ညနေ ၅နာရီကျော်မှာ မြင်းခြံမြို့ဘက်ကိုထွက်ခွာသွားတာလို့ မြေပြင်သိရှိသူတွေက ပြောကြပါတယ်။

အခု စစ်ကြောင်းက ပြီးခဲ့တဲ့ တစ်ပတ်လောက်ကတည်းက စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ညောင်တိုရွာကနေ ညောင်သာယာကိုဝင်ခဲ့သလို၊ အဲဒီကနေ နဂါးပေါက်ရွာကိုထပ်မံစီးနင်းကာ ၅ရက်ကြာတပ်စွဲခဲ့ပြီး ဒေသခံ တွေရဲ့ ပိုင်ဆိုင်မှု ပစ္စည်းတွေယူဆောင်ခဲ့တယ်လို့သိရပါတယ်။ နဂါးပေါက်မှာလည်း နေအိမ်အချို့ မီးရှို့ခံခဲ့ရ တယ်လို့သိရပါတယ်။ အဲဒီကနေမှ ဇန်နဝါရီ ၉ရက်မှာ ပန်းညိုကိုရွာကို ဝင်ခဲ့တာပါ။

စစ်ကောင်စီဥက္ကဋ္ဌ ကတော့ သူ့ရဲ့ တပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာမရှိဘူးလို့ ၂၀၂၂ ခုနှစ် သြဂုတ်လ ကုလသမဂ္ဂအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံစဥ်အတွင်းက ငြင်းဆိုပြောဆိုခဲ့ဖူးပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် နိုဝင်ဘာလကုန်အထိ စစ်ကိုင်းတိုင်းအတွင်း နေအိမ် ၂၇,၄၉၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ Data for Myanmar အဖွဲ့ရဲ့ စာရင်းအရသိရပါတယ်။

Source: BBC Burmese

Related Posts

လွတ်ငြိမ်းနဲ့ လွတ်လာသူ ပြောပြတဲ့ သာယာဝတီထောင်က ငရဲခန်း
သတင်း

လွတ်ငြိမ်းနဲ့ လွတ်လာသူ ပြောပြတဲ့ သာယာဝတီထောင်က ငရဲခန်း

May 27, 2023

ပဲခူးတိုင်း သာယာဝတီထောင်က ငရဲခန်းဖြစ်တယ်လို့ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူတွေက...

အရပ်သား ထိခိုက်၊ သေဆုံးမှု များပြားသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ
သတင်း

အရပ်သား ထိခိုက်၊ သေဆုံးမှု များပြားသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ

May 19, 2023

အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ ပုန်ကန်မှုများကြောင့် စစ်မျက်နှာများစွာ...

နေပြည်တော်တွင် ပိုင်ရာဆိုင်ရာနှင့် ငွေပေးနိုင်သူများ လျှပ်စစ်မီး ပုံမှန်ရနေ
သတင်း

နေပြည်တော်တွင် ပိုင်ရာဆိုင်ရာနှင့် ငွေပေးနိုင်သူများ လျှပ်စစ်မီး ပုံမှန်ရနေ

May 11, 2023

အာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး ကြုံတွေ့နေရသည့် လျှပ်စစ်မီး ပုံမှန်မရသည့်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist