Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

တိုင်းနဲ့ ပြည်နယ် ကိုယ်ပိုင်ဖွဲ့စည်းပုံပြဋ္ဌာန်းမှုပုံစံ စစ်ခေါင်းဆောင် ထုတ်ပြောလာပြန်

January 10, 2023
in သတင်း
Reading Time:2min read
Share on FacebookShare on Twitter

ပြည်နယ်နဲ့တိုင်းတွေရဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံဥ‌ပဒေ ပြဋ္ဌာန်းခွင့်ပုံစံကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ ၁၀ရက်နေ့ ၇၅နှစ်မြောက် ကချင်ပြည်နယ်နေ့ မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုလာပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၂၀ခုနှစ် သြဂုတ်လ ၁၉ရက်၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးဖွင့်ပွဲအခမ်းအနားမှာ ပြည်နယ်နဲ့ တိုင်း‌တွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေပြဋ္ဌာန်းခွင့်ကို ဆွေးနွေးဖို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ မိန့်ခွန်းမှာ စတင်ပြောဆိုခဲ့တာပါ။

အဲဒီနေ့မှာဘဲ ‌အစိုးရ၊ စစ်တပ်နဲ့ လက်နက်ကိုင်အစုအဖွဲ့တွေအကြား အဲဒီအကြောင်းအရာကို ဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက်မရရှိဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဖွဲ့စည်းစုံပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံရဲ့ အခြေခံမူတွေထဲမှာ အဲဒီအချိန်ကတည်းက မထည့်သွင်းနိုင်ခဲ့ပါဘူး။

အဲဒီပြည်နယ်နဲ့ တိုင်းတွေရဲ့ ကိုယ်ပိုင်ဖွဲ့စည်းပုံဆိုတဲ့အချက်ကို စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးက အာဏာသိမ်းပြီး ၂နှစ်အကြာမှာ အခုလို ထပ်မံထုတ်ပြောလာပါတယ်။

ဗိုလ်ချုပ်မှူးကြီးက ဒီမိုကရေစီဆိုသည်မှာ ပြည်သူက မိမိတို့အား ကိုယ်စားပြုသူများကို ကိုယ်တိုင်ရွေးချယ်ပေးပြီး အုပ်ချုပ်စေတဲ့ စနစ်ဖြစ်တယ်လို့ ပြောပါတယ်။

ဖက်ဒရယ်စနစ်ဆိုတာက မတူကွဲပြားနေတဲ့ တိုင်းနဲ့ပြည်နယ်များရှိ လူမျိုးများ လူမျိုးစုများ စုစည်းလုပ်ကိုင်ရာက လုပ်ကိုင်ခွင့်တွေကို ခွဲဝေကျင့်သုံးတဲ့ အယူအဆ သဘောတရားဖြစ်ပြီး ပေါင်းစည်းနေထိုင်းခြင်း၊ မျှဝေခံစားခြင်းဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒါ‌‌ကြောင့် ဒီမိုကရေစီနှင့် ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ဟုဆိုရာမှာ ပြည်ထောင်စုအတွင်းရှိ တိုင်းရင်းသားပြည်သူများက ရွေးချယ်တဲ့ အုပ်ချုပ်ရေးစနစ်မှာ ပြည်ထောင်စုတစ်ဝန်းလုံးက တိုင်းရင်းသားပြည်သူများ အတူတကွ ပေါင်းစည်းနေထိုင်ပြီး တိုင်းနဲ့ ပြည်နယ်အလိုက် အခြေခံဥပဒေအရ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် များရရှိစေမယ်လို့လည်း ပြောပါတယ်။

ဒါမှသာ စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံစီမိုကရေစီစနစ် ဖြစ်ပေါ်လာမှာဖြစ်ပြီး အဲဒီအတွက်ကိုလည်း စစ်ကောင်စီအနေနဲ့လည်း တိုင်းရင်းသားပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ ဖြစ်စေဖို့ ဦးတည်ချက်နဲ့ လုပ်ငန်းစဥ်တွေကို အရှိန်အဟုန်မပျက် လုပ်ဆောင်နေတယ်လို့ ၂၀၂၃ခုနှစ် ကချင်ပြည်နယ်နေ့အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာမှာ ‌စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

အာဏာသိမ်းပြီးကတည်းက လက်နက်ကိုင်အများစုကတော့ စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေကို မလုပ်ကြဘဲ နှစ်ဘက်အကြား စစ်ရေးပြင်ဆင်မှု၊ တိုက်ခိုက်မှုတွေဆက်ဖြစ်နေတာပါ။

စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးကြတဲ့အဖွဲ့အချို့လည်းရှိပေမယ့် ဆွေးနွေးကြတဲ့ အကြောင်းအရာတွေနဲ့ သဘောတူညီချက်တွေကို ပြည်သူတွေစီကို တိတိကျကျထုတ်ပြန် ပြောဆိုကြတာမျိုးတော့ မရှိသေးပါဘူး။

Source: BBC Burmese

Related Posts

စစ်ကိုင်းတိုင်းအတွင်း လူသတ်ခေါင်းဖြတ်မှုများကို ဦးဆောင်နေသူ ဗိုလ်ချုပ်သန်းထိုက်
သတင်း

စစ်ကိုင်းတိုင်းအတွင်း လူသတ်ခေါင်းဖြတ်မှုများကို ဦးဆောင်နေသူ ဗိုလ်ချုပ်သန်းထိုက်

March 27, 2023

ဗုဒ္ဓဘာသာကိုးကွယ်သူ ဗမာအများစုနေထိုင်ရာ မြန်မာပြည်အလယ်ပိုင်း အညာဒေသသည် စစ်အာဏာသိမ်းပြီး...

စစ်ကိုင်းတွင် နယ်လှည့်ခေါင်းဖြတ်နေသည့် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း
သတင်း

စစ်ကိုင်းတွင် နယ်လှည့်ခေါင်းဖြတ်နေသည့် စစ်ကောင်စီ၏ ဘီလူးစစ်ကြောင်း

March 21, 2023

ယခုလ မတ်လ ၁ ရက် အရုဏ်မတက်မီ...

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ထားသော ရုပ်အလောင်း ၂၀ လောင်းတွေ့၊ ခေါင်းနှင့် ခြေလက်များ ခုတ်ဖြတ်ထားသော ရုပ်အလောင်းများလည်း ပါဝင်
သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ထားသော ရုပ်အလောင်း ၂၀ လောင်းတွေ့၊ ခေါင်းနှင့် ခြေလက်များ ခုတ်ဖြတ်ထားသော ရုပ်အလောင်းများလည်း ပါဝင်

March 17, 2023

စစ်ကောင်စီစစ်ကြောင်းက သတ်ဖြတ်ထားခဲ့သော ဒေသခံပြည်သူများအပါအဝင် တော်လှန်ရေးရဲဘော်များ၏ ရုပ်အလောင်း...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist