ဒီနေ့ခရစ်စမတ်နေ့မှာအမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကမြန်မာပြည်သူတွေကိုလက်ဆောင်တစ်ခုပေးလိုက်တယ်။USအောက်လွှတ်တော်ရောအထက်လွတ်တော်ကိုပါဖြတ်ထားတဲ့NDAAကိုဒီနေ့မှာလက်မှတ်ထိုးပေးလိုက်တဲ့အတွက်ထိုဥပဒေစတင်အသက်ဝင်သွားပြီ။မကြာမီကာလမှာအကူအညီတွေစတင်ရရှိလာလိမ့်မယ်။
၂၀၂၁ကစခဲ့တဲ့စစ်အာဏာသိမ်းမှုဟာ၂၀၂၂နှစ်ကုန်ပိုင်းအရောက်မှာပဲစစ်ကောင်စီဟာနိုင်ငံတကာသံတမာန်ရေးမှာအတော်ဘေးကျပ်နံကျပ်ဖြစ်နေပြီ။၂၀၂၂နှောင်းပိုင်းလတွေမှာစစ်ကောင်စီအတွက်ဘက်ပေါင်းစုံကကြီးမားတဲ့ထိုးနှက်ချက်ကြီးတွေဖြစ်လာတယ်။သူတို့အတွက်ဆုပ်လဲဆူး၊စားလဲရူးအခြေအနေကိုတဖြည်းဖြည်းနဲ့ရောက်ရှိလာခဲ့ပြီ။