ရန်ကုန်တာမွေမြို့နယ်မှာစစ်ကောင်စီကျင်းပပြုလုပ်တဲ့ဈေးပွဲတော်တစ်ခုမှာဗုံးပေါက်ကွဲလို့ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်။အလားတူပဲပီးခဲ့တဲ့ရက်ကရန်ကုန်မြစ်ကူးပန်းဆိုတန်း-ဒလသင်္ဘောပေါ်မှာလဲဗုံးပေါက်ကွဲလို့ပြည်သူတချို့သေဆုံးပြီးနှစ်ဆယ်ကျော်ဒဏ်ရာရရှိခဲ့တယ်။ပြီးတော့NUGနဲ့PDFကိုအပစ်ပုံချတယ်။စစ်ကောင်စီတပ်သားတွေမရှိတဲ့၊စစ်ရေးပစ်မှတ်မဟုတ်တဲ့အများပြည်သူပိုင်နေရာတွေကိုPDFကဖောက်ခွဲရေးလုပ်စရာအကြောင်းမရှိဘူး။အရင်ကလဲမရှိဘူးနောင်လဲရှိမှာမဟုတ်ဘူး။စစ်ကောင်စီဟာနိုင်ငံတကာမှာအရေးမလှတဲ့နောက်ပြည်တွင်းမှာပြည်သူတွေကိုစတေးပြီးNUGနဲ့PDFကိုပုံဖျက်ဖို့လုပ်ဆောင်လာနေပြီ။ဟိုးအရင်ခေတ်အဆက်ဆက်စစ်တပ်ကလုပ်ဆောင်နေကြလမ်းဟောင်းကြီးအတိုင်းလျှောက်လှမ်းလာနေတယ်။သူတို့ဘယ်လိုပဲပုံဖျက်ဖို့ကြိုးစားပေမယ့်ပြည်သူတွေနဲ့နိုင်ငံတကာကအယုံအကြည်မရှိကြတော့ဘူး။ပြည်သူတွေအနေနဲ့လဲဒီလိုအချိန်မှာလူစည်ကားရာနေရာတွေနဲ့ပွဲလမ်းသဘင်တွေကိုတတ်နိုင်သလောက်ရှောင်ကျဉ်တာကောင်းလိမ့်မယ်။