ကုလသမဂ္ဂရဲ့မြန်မာ့အရေးဆုံးဖြတ်ချက်ထွက်လာပြီးပြီးချင်းမှာပဲထိုင်းနိုင်ငံဟာြမန်မာအရေးအလွတ်သဘောတွေ့ဆုံပွဲဆိုပြီးစစ်ကောင်စီအပါအဝင်အာဆီယံနိုင်ငံတွေကိုဖိတ်ကြားကာပြုလုပ်လိုက်တယ်။ထိုတွေ့ဆုံပွဲမှာစစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးကိုဖိတ်ကြားထားတာကြောင့်အာဆီယံရဲ့ဦးဆောင်နိုင်ငံတွေဖြစ်တဲ့အင်ဒိုနီးရှား၊မလေးရှား၊ဖိလစ်ပိုင်နဲ့စင်ကာပူနိုင်ငံတို့ကမတက်ရောက်ကြဘူး။ကျန်တဲ့ကွန်မြူနစ်နဲ့အာဏာရှင်နိုင်ငံတွေသာတက်ရောက်ကြတယ်။နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ့ဆုံပွဲဆိုပေမယ့်စားသောက်ဆိုင်တစ်ခုမှာဖြစ်သလိုလုပ်သွားတာတွေ့ရတယ်။ဘာရလဒ်မှလဲထွက်ပေါ်မလာခဲ့ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်စစ်ကောင်စီကိုဖိတ်ကြားပြီးအာဆီယံအစည်းအဝေးဆုံးဖြတ်ချက်တွေကိုဆန့်ကျင်ကာစင်ပြိုင်အစည်းအဝေးလုပ်ခဲ့တဲ့ထိုင်းနိုင်ငံရဲ့လုပ်ရပ်ဟာအတော်စိတ်ပျက်စရာပဲ။အားလုံးကပစ်ပယ်ထားတဲ့အကြမ်းဖက်စစ်ကောင်စီကိုမျက်နှာသာပေးချင်နေမှန်းသိသာလွန်းနေတယ်။ထိုင်းနိုင်ငံရဲ့လုပ်ရပ်ဟာမြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့အခက်အခဲတွေကိုမျက်ကွယ်ပြုထားပြီးအာဆီယံကိုပါနှစ်ခြမ်းကွဲအောင်ပြုလုပ်နေတယ်။မြန်မာပြည်သူတွေအတွက်တော့ထိုင်းဟာတရုတ်ပြီးရင်အတော်အသုံးမကျတဲ့အိမ်နီးချင်းနိုင်ငံတစ်ခုပဲ။