မနေ့ကUNSCကချမှတ်ခဲ့တဲ့မြန်မာ့အရေးဆုံးဖြတ်ချက်မှာထူးခြားမှုတစ်ချို့ရှိခဲ့တယ်။မြန်မာစစ်ခေါင်းဆောင်တွေကိုအစဉ်အဆက်ကာကွယ်ပေးခဲ့တဲ့တရုတ်နဲ့ရုရှားဟာအခုတစ်ခေါက်မှာကြားနေခဲ့တယ်။
ဒီဆုံးဖြတ်ချက်မူကြမ်းကိုဗြိတိန်နိုင်ငံကဒီနှစ်စက်တင်ဘာလလောက်ထဲကတင်သွင်းဖို့ကြိုးစားခဲ့တာပါ။အဆိုပါနှစ်နိုင်ငံမကန့်ကွက်ဖို့အတွက်အာဆီယံမူငါးချက်ကိုပဲအခြေခံပြီးရေးဆွဲခဲ့တယ်။တရုတ်နဲ့ရုရှားကလဲထိုမူငါးချက်ကိုအစဉ်တစိုက်ထောက်ခံထားတဲ့အတွက်ကန့်ကွက်ဖို့အခက်တွေ့သွားတဲ့သဘောပဲ။မူရင်းဆုံးဖြတ်ချက်မူကြမ်းမှာစစ်ကောင်စီကိုလက်နက်နဲ့စီးပွားရေးပိတ်ဆို့ဖို့တွေပါပါဝင်ပြီးတရုတ်နဲ့ရုရှားကကန့်ကွက်လို့ဖြုတ်ချထားခဲ့ရတယ်လို့သိရတယ်။
ဘာပဲဖြစ်ဖြစ်အခုချိန်မှာစစ်ကောင်စီဟာသံတမာန်ရေးမျက်နှာစာမှာလုံးဝကူရာကယ်ရာမဲ့ဖြစ်နေပြီဆိုတာပေါ်လွင်သွားပြီ။တရုတ်ကိုဖယ်ခွာပြီးသူတို့အားကိုးတကြီးချဉ်းကပ်ခဲ့တဲ့ရုရှားဟာလဲတကယ်တန်းတော့လက်ရှောင်သွားခဲ့တယ်လေ။