နောက်ဆုံးတော့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာမြန်မာ့အရေးဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်ခဲ့ပါပြီ။
စစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကိုချက်ချင်းရပ်တန့်ရန်၊
ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေကိုချက်ချင်းလွှတ်ပေးရန်၊
အာဆီယံသဘောတူညီချက်၅ချက်ကိုအကောင်အထည်ဖော်ရန်
စတဲ့အချက်တွေပါဝင်တဲ့ဆုံးဖြတ်ချက်ကိုUNSCမှာကန့်ကွက်သူမရှိဆုံးဖြတ်အတည်ပြုနိုင်ခဲ့တယ်။ထိုဆုံးဖြတ်ချက်အတွက်တရုတ်၊ရုရှားနဲ့အိန္ဒိယတို့ကကြားနေခဲ့တယ်။ဒါဟာကုလသမဂ္ဂမှာမြန်မာနိုင်ငံကိုအဖွဲ့ဝင်အဖြစ်အတည်ပြုပေးတဲ့ဆုံးဖြတ်ချက်နောက်ပိုင်း၇၄နှစ်အတွင်းဒုတိယမြောက်သမိုင်းဝင်ဆုံးဖြတ်ချက်ပဲ။မနှစ်ကတော့ဒီလိုအချိန်မှာကုလသမဂ္ဂအထွေထွေညီလာခံမှာြမန်မာ့အရေးသဘောတူညီဆုံးဖြတ်ချက်တစ်ခုချမှတ်ခဲ့သေးတယ်။ဒါပေမယ့်ဒီတစ်ခေါက်ကလုံခြုံရေးကောင်စီကချမှတ်တာဖြစ်တဲ့အတွက်ပိုပြီးထိရောက်မှုရှိတယ်။မြန်မာနိုင်ငံမှာမတရားစစ်အာဏာသိမ်းခံရတာနှစ်နှစ်နီးပါးကြာမှအခုလိုUNမှာသေချာရေရာတဲ့အရွှေ့တစ်ခုဖြစ်လာတာပါ။ဒီလိုအရွှေ့တစ်ခုဖြစ်လာဖို့မြန်မာပြည်သူတွေရဲ့အသက်တွေဘဝပေါင်းများစွာတွေရင်းနှီးထားရတာပါ။တကယ်တော့ဒါဟာကနဦးခြေလှမ်းတစ်ခုပဲရှိသေးတယ်။မြန်မာပြည်သူတွေအလိုရှိနေတဲ့စစ်ကောင်စီကိုလက်နက်ပိတ်ဆို့ရေး၊စီးပွားရေးပိတ်ဆို့ရေး၊No Fly Zone စတာတွေပါမလာသေးဘူး။ထိုအချက်တွေဖြစ်လာမှစစ်ကောင်စီအပေါ်တကယ်သက်ရောက်မှုရှိလာလိမ့်မယ်။ခရီးကြမ်းကခုမှစတာပါ။ဆက်လက်ကြိုးစားရဦးမယ်။