စစ်ခေါင်းဆောင်းမင်းအောင်လှိုင်ဟာြမန်မာပြည်အနှံခရီးတွေထွက်နေပြီးသူ့အာဏာတည်မြဲဖို့အတွက်စည်းရုံးရေးဆင်းနေရရှာတယ်။တွေ့ဆုံပွဲတွေမှာလဲအဓိပ္ပါယ်မရှိတဲ့စကားတွေတောက်လျှောက်ပြောလျက်ရှိတယ်။အရင်ကသူ့ရဲ့တွေ့ဆုံပွဲတွေမှာဆိုရင်လျှပ်စစ်ရထားတွေ၊လျှပ်စစ်ကားတွေအကောင်အထည်ဖော်မယ်လို့လျှောက်ပြောခဲ့ပြီးအခုနောက်ဆုံးမော်လမြိုင်မြို့ကတွေ့ဆုံပွဲမှာတော့ပြည်သူတွေကိုစွမ်းအင်ချွေတာဖို့စက်ဘီးစီးရုံးတက်ကြဖို့ပြောလာတယ်။သူလဲနောက်ဆုံးတော့တိုင်းပြည်ရဲ့အခြေအနေအမှန်ကိုသိရှိသွားပြီထင်တယ်။သူအာဏာသိမ်းပြီးနောက်ပိုင်းလျှပ်စစ်ဓာတ်အားမလုံလောက်တဲ့ဒဏ်ကိုတပြည်လုံးခံစားနေရပြီလေ။လောလောဆယ်လဲမြို့ကြီးတွေမှာအလှည့်ကျဓာတ်အားပေးစနစ်ကိုပြန်ကျင့်သုံးနေရပြီ။ဒါတောင်နွေရာသီမရောက်သေးဘူး။နွေရာသီရောက်လာတဲ့အမျှအခြေအနေတွေဟာပိုမိုဆိုးရွားလာဖို့ပဲရှိမယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


