KIAဗိုလ်ချုပ်ကြီးဂွမ်မော်ကကချင်ပြည်သူတွေတော်လှန်ရေးနဲ့တစ်သားထဲရှိကြောင်းထပ်လောင်းပြောကြားလိုက်တယ်။NUGနဲ့အပြည့်အဝပူးပေါင်းဆောင်ရွက်နေပြီးဒီနွေဦးတော်လှန်ရေးအောင်မြင်မယ်လို့လဲအတည်ပြုသွားတယ်။ကချင်ခေါင်းဆောင်တွေတာဝန်ရှိသူတွေဟာမီဒီယာတွေရှေ့မှာပေါ်ပေါ်ထင်ထင်ပြောဆိုမှုတွေပြုလုပ်တာမျိုးရှားပါတယ်။ဗိုလ်ချုပ်ဂွမ်မော်ရဲ့စကားတွေကြားရတာအားတက်စေတယ်။
တောင်ပိုင်းမှာလဲစစ်တပ်ရဲ့လက်နက်တွေသယ်လာတဲ့ရထားတစ်စင်းမော်လမြိုင်မြို့နားမှာဖောက်ခွဲခံလိုက်ရတယ်။ကုန်တင်ရထားဖြစ်တဲ့အတွက်ခရီးသည်တွေတော့ပါမလာပါဘူး။စစ်တပ်ကလက်နက်ရိက္ခာပို့ဖို့အတွက်ရထားလမ်းတွေကိုအသုံးပြုနေလို့ဖောက်ခွဲရတာလို့KNUဘက်ကသတင်းထုတ်ပြန်တယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


