ရှမ်းပြည်နယ်မြောက်ပိုင်းကTLNAစခန်းကိုလေကြောင်းကဝင်စီးတဲ့စစ်ကောင်စီတပ်တွေတပ်လုံးပြုတ်သေဆုံးကုန်တယ်လို့နောက်ဆုံးသိရတယ်။ထိုဒေသမှာငါးရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ပထမရက်တွေမှာစစ်ကောင်စီတပ်တွေဟာTLNAစခန်းကိုလေကြောင်းချီတပ်တွေနဲ့အလွယ်တကူဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်မယ်လို့ထင်ခဲ့တယ်။ဒါကြောင်းရဟတ်ယာဉ်တွေနဲ့အင်အားတစ်ရာလောက်နဲ့ကနဦးဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ဒါပေမယ့်မြေပြင်ရောက်ရောက်ချင်းမှာပဲTLNAတပ်တွေရဲ့ဝိုင်းဝန်းတိုက်ခိုက်မှုကိုမရှုမလှခံလိုက်ရတယ်။စစ်ကောင်စီတပ်တွေအခြေအနေမကောင်းတာကြောင်းလေကြောင်းကနေနောက်တစ်သုတ်စစ်ကူအင်အားငါးဆယ်ခန့်ထပ်ဖြည့်ပေးသေးတယ်။ထိုအင်အားတွေအကုန်လုံးTLNAတပ်တွေအလယ်မှာပိတ်မိနေတာကြောင့်လက်နက်ကြီးရောလေကြောင်းပစ်ကူတွေပါအဆမတန်ပေးခဲ့တယ်။တိုက်လေယာဉ်နဲ့လာရောက်တိုက်ခိုက်မှုဆိုရင်အကြိမ်လေးဆယ်ခန့်တောင်ရှိခဲ့တယ်။ဒါပေမယ့်ငါးရက်တာတိုက်ပွဲတွေအပီးမှာထိုစစ်ကောင်စီတပ်တွေအကုန်လုံးမဖောက်ထွက်နိုင်ပဲထိုနေရာမှာတင်အတုံးအရုန်းသေဆုံးကုန်ကြတယ်။
စစ်ကောင်စီဟာစစ်ကိုင်းမှာအောင်မြင်ခဲ့တဲ့လေကြောင်းချီအလစ်အငိုက်စစ်ဆင်ရေးမျိုးကိုEAOအဖွဲ့တွေကိုတိုက်ခိုက်ရမှာလဲအဆင်ပြေလိမ့်မယ်လို့ယူဆခဲ့ပုံပဲ။တကယ်တမ်းမှာတော့အတွေ့အကြုံနဲ့လက်နက်အင်အားအပြည့်အစုံရှိတဲ့လက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့တော့မရှုမလှလည်စင်းခံလိုက်ရတာပဲ။ဒီဖြစ်ရပ်ကိုနမူနာယူပြီးအညာဒေသမှာလဲစစ်ကောင်စီရဲ့လေကြောင်းကဝင်ရောက်စီးနင်းမှုမျိုးကိုတတ်နိုင်သလောက်ပြင်ဆင်ထားသင့်တယ်။အညာဒေသမှာလက်နက်အင်အားမတောင့်တင်းသေးပေမယ့်လဲစုဖွဲ့မှုကောင်းကောင်းနဲ့ပြန်လည်ရင်ဆိုင်နိုင်ရင်စစ်သူပုန်တွေထင်တိုင်းကြဲနိုင်တော့မှာမဟုတ်ဘူး။