အကြမ်းဖက်စစ်တပ်ဟာတိုင်းရင်းသားနယ်မြေတွေရေးမလှပေမယ့်စစ်ကိုင်းတိုင်းထဲမှာတော့ရွာစဉ်လှည့်ပြီးမီးရှို့ဖျက်စီးနေဆဲပါပဲ။စစ်ကိုင်းတိုင်းထဲကရေဦး၊ခင်ဦး၊ဒီပဲယင်း၊ဝက်လက်၊ထီးချိုင့်စတဲ့မြို့နယ်တွေထဲကရွာတွေတစ်ခုမှမကျန်အောင်ဖျက်စီးနေတယ်။စာရင်းတွေအရပြီးခဲ့တဲ့လထဲမှာတစ်နေ့ကိုအနည်းဆုံးအိမ်ခြေတစ်ရာခန့်မီးရှို့ဖျက်စီးခံခဲ့ရတယ်။နိုဝင်ဘာလဟာစစ်ကိုင်းထဲမှာဒုတိယအများဆုံးဖျက်စီးခံရတဲ့လဖြစ်လာတယ်။ပွင့်လင်းရာသီရောက်လာပြီဆိုတော့စစ်သူပုန်တွေဟာစိတ်တိုင်းကျအကြမ်းဖက်လာနိုင်တယ်။ဒေသခံကာကွယ်ရေးတပ်တွေကနိုင်သလောက်ခုခံကာကွယ်နေပေမယ့်လက်နက်အင်အားမပြည့်စုံမှုကြောင့်ထိရောက်မှုမရှိသလောက်ပဲ။ကြာရင်စစ်ကိုင်းတိုင်းထဲမှာရွာတွေကျန်တော့မယ်မထင်ဘူး။
နိုဝင်ဘာ ၂၂၊ ၂၀၂၃။ (ဗုဒ္ဓဟူး)
ရန်ကုန်ရှိ မြို့နယ်အချို့မှာယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လူငယ်များကို အကြောင်းမျိုးစုံပြဖမ်းဆီး...