ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်ဖက်မှာစစ်ကောင်စီတပ်တွေနဲ့KIA၊PDFတွေအကြားတိုက်ပွဲတွေဖြစ်ပွားလာတယ်။စစ်ကောင်စီတပ်သားသုံးယောက်ကိုKIAကဖမ်းဆီးလိုက်တာကြောင့်စစ်တပ်ကအင်အား၂၀၀ခန့်နဲ့စစ်ကြောင်းထိုးလာတာဖြစ်တယ်။ကချင်ပြည်နယ်မှာတော့ဖားကန့်ဒေသဟာတိုက်ပွဲတွေနဲ့အတော်နေသားကျနေပြီ။လောလောဆယ်မှာဖားကန့်မြို့တဝိုက်ကိုKIA၊PDFတွေကထိန်းချုပ်ထားပြီးစစ်တပ်ကတော့မြေပြင်မှာစိုးမိုးမှုသိပ်မရှိတော့ပဲလေကြောင်းကဗုံးကြဲတာနဲ့လက်နက်ကြီးနဲ့ရမ်းပစ်တာသာလုပ်တော့တယ်။စစ်ကြောင်းထိုးရင်းလဲရမ်းသမ်းပြီးထိုးနေရတယ်။
ထို့အတူကရင်ပြည်နယ်မှာလဲKNUတပ်မဟာ၁နဲ့တပ်မဟာ၃နယ်မြေတွေမှာစစ်တပ်ကထိုးစစ်တွေပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့သိရတယ်။နာမည်ကြီးတပ်မဟာ၅ကတော့မနေ့ကပဲစစ်ကောင်စီတပ်စခန်းသုံးခုကိုတပြိုင်နက်တိုက်ခိုက်နေတယ်။ထိုအထဲမှစခန်းတစ်ခုကိုသိမ်းပိုက်ရရှိပြီးကျန်စခန်းတွေကိုသိမ်းနိုင်ဖို့ဆက်လက်ကြိုးစားနေတယ်။နေ့စဥ်နဲ့အမျှတိုက်ပွဲဖြစ်ပွားနေတဲ့ကရင်ပြည်နယ်မှာတော့KNUကတဖြည်းဖြည်းစစ်ရှိန်မြှင့်လာပြီလို့ယူဆရတယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။