US NDAA အကြောင်းပြောရရင်ဒီနှစ်မှာတော့အမေရိကန်အစိုးရဟာမြန်မာ့အရေးကိုပိုမိုအာရုံစိုက်လာတယ်။ဒါဟာလဲစစ်ကောင်စီဟာရုရှားနဲ့အလွန်နီးကပ်သွားတာတွေလဲပါမှာပေါ့။ဒီလိုသာတကယ်ဖြစ်လာရင်စစ်ကောင်စီဟာကိုယ့်သေတွင်းကိုယ်တူးနေတာပဲ။ဒီနှစ်မှာတော့ဒီမိုကရေစီအရေးလှုပ်ရှားနေသူတွေကိုလက်နက်ကလွဲလို့ငွေကြေးနည်းပညာအကူအညီတွေပေါ်ပေါ်ထင်ထင်ပေးသွားမယ့်သဘောရှိတယ်။ဒါပေမယ့်အဓိကလိုနေတာကလက်နက်ပဲလေ။ဘာပဲဖြစ်ဖြစ်တိုးတက်မှုရှိလာတယ်လို့ပြောရမှာပဲ။ရသလောက်တော့ယူရမှာပဲ။
စိတ်ထဲမရှင်းတာတစ်ခုတော့ရှိတယ်။မနှစ်ကလဲ US NDAAမှာNUGနဲ့ EAOတွေကိုဒေါ်လာသန်း၁၃၀ကျော်ထောက်ပံ့မယ်လို့ကြေငြာသွားတယ်။ပီးတော့ဘာမှထပ်မသိရတော့ဘူး။အဲ့ဒီငွေတွေကိုတကယ်ရောရလိုက်ရဲ့လား၊ရရင်လဲဘယ်နေရာတွေမှာအသုံးပြုလိုက်လဲဘယ်သူမှတရားဝင်ထုတ်ပြန်ကြေငြာတာမတွေ့ရဘူး။ဒေါ်လာသန်း၁၃၀ကျော်ဆိုတာတော်လှန်ရေးအတွက်နည်းတဲ့ပမာဏတော့မဟုတ်ဘူး။လူအတော်များများဒီအချက်ကိုသတိမထားမိကြဘူး။ဒီတခေါက်လဲအဲ့လိုပဲပေးသာပေး၍မရအစပျောက်ဖြစ်သွားမှာကိုတော့စိုးရိမ်မိတယ်။