စစ်တပ်ကိုပိုမိုအရေးယူဒဏ်ခတ်ရန်နဲ့မြန်မာ့ဒီမိုကရေစီအရေးကိုပံ့ပိုးကူညီရန်အချက်တွေပါဝင်တဲ့US NDAAဥပဒေကြမ်းကိုအမေရိကန်အောက်လွတ်တော်ကအတည်ပြုလိုက်တယ်။ထိုဥပဒေထဲမှာBurma Actဥပဒေတစ်ခုလုံးကိုပါထည့်သွင်းထားတယ်လို့သိရတယ်။အောက်လွတ်တော်ကအတည်ပြုပြီးရင်အထက်လွတ်တော်ကိုဖြတ်ပြီးနောက်ဆုံးသမ္မတဘိုင်ဒန်လက်မှတ်ထိုးပြီးရင်တော့အတည်ဖြစ်လာမယ်။
ထိုဥပဒေထဲမှာမြန်မာ့အရေးအတွက်အဓိကအချက်တွေအနေနဲ့စစ်ကောင်စီရဲ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကိုပိတ်ဆို့ဖို့ဖြစ်လာလိမ့်မယ်။တခြားသက်ဆိုင်တဲ့ပိတ်ဆို့မှုတွေလဲပါလာလိမ့်မယ်။ဒီမိုကရေစီဖက်တော်သားတွေအတွက်တော့တစ်နှစ်ကိုဒေါ်လာသန်းငါးဆယ်နဲ့ငါးနှစ်စာရန်ပုံငွေတွေချမှတ်ပေးလိမ့်မယ်။လူသားချင်းစာနာမှုအကူအညီဒေါ်လာသန်း၂၂၀ပေးသွားဖို့လဲပါဝင်တယ်။အရေးအကြီးဆုံးအချက်အနေနဲ့ကEAOPDFတွေကိုလက်နက်မဟုတ်တဲ့နည်းပညာအကူအညီတွေပေးသွားမယ်။မနှစ်ကNDAAဥပဒေထပ်စာရင်တိုးတက်မှုရှိလာတယ်လို့ပြောလို့ရတယ်။ထိုဥပဒေဟာဒီလမကုန်ခင်အတည်ဖြစ်မယ်လို့ယူဆရတယ်။