ရှမ်းပြည်နယ်မြောက်ပိုင်းမှာလဲတဂျိမ်းဂျိမ်းနဲ့ဆော်နေကြပြီ။ရှမ်းမြောက်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့TLNAထိန်းချုပ်ရာနယ်မြေထဲကရွာတစ်ရွာကိုစစ်တပ်ကလေကြောင်းကနေအလစ်အငိုက်ဝင်စီးတယ်။ထိုရွာမှာTLNAထိပ်တန်းခေါင်းဆောင်တွေရှိနေတယ်လို့ယူဆပြီးရဟတ်ယာဥ်ငါးစီးနဲ့အင်အားနှစ်ရာခန့်သုံးပြီးဝင်ရောက်တိုက်ခိုက်တာပါ။ဒါပေမယ့်ထိုနယ်မြေဟာTLNAနယ်မြေဖြစ်တဲ့အတွက်စစ်တပ်ရဲ့လျှပ်တပြက်ထိုးစစ်ဟာအရာမရောက်ပဲပြန်အဝိုင်းခံလိုက်ရတယ်။စစ်သူပုန်တွေအတွက်ကတော့ကံဆိုးတာပဲ။မနေ့ကတည်းကအခုချိန်ထိတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးစစ်သူပုန်တွေပိတ်မိနေတယ်။မြောက်ပိုင်းအဖွဲ့တွေထဲမှာTLNAဟာစစ်တပ်နဲ့တိုက်ပွဲကြီးတွေဖြစ်လေ့မရှိဘူး။အခုတကြိမ်မှာတော့စစ်တပ်ကရန်စလာတာကြောင့်အခြေအနေတွေအတော်ပြင်းထန်မယ့်သဘောရှိတယ်။
တရုတ်နယ်စပ်မြို့လေးဖြစ်တဲ့ချင်းရွှေဟော်ဘက်မှာလဲစစ်တပ်နဲ့မြောက်ပိုင်းကနောက်EAOတဖွဲ့ဖြစ်တဲ့MNDAAတို့နှစ်ရက်ဆက်တိုက်တိုက်ပွဲတွေဖြစ်ပွားနေတယ်။လောက်ကိုင်မြို့ပေါ်မှာတောင်ပြည်သူတွေရုတ်ရုတ်သဲသဲဖစ်နေကြပြီ။မြို့သိမ်းတိုက်ပွဲဖြစ်ပွားမယ်ဆိုတဲ့သတင်းကြောင့်မြို့ပေါ်အလုပ်သမားတွေအစုလိုက်အပြုံလိုက်မြို့ကိုစွန့်ခွာနေကြတယ်။တကယ်ဖြစ်လာရင်တော့ပွဲကြီးပွဲကောင်းပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


