Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

သေဒဏ်ပြစ်ဒဏ်မှ လျော့ပေးရန် ဒဂုံတက္ကသိုလ်ကျောင်းသား မိဘများ တောင်းဆို

December 11, 2022
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter

သေဒဏ်ကျခံရသည့် ဒဂုံတက္ကသိုလ်ကျောင်းသားများကို ပြစ်ဒဏ်မှ လျော့ပေါ့ပေးရန် အယူခံတင်လွှာနှင့် အသနားခံစာများ တရားရုံးအဆင့်ဆင့်သို့ ၃ ကြိမ် တင်ပြတောင်းဆိုထားသည်ဟု ပြစ်ဒဏ်ကျခံထားရသည့် ကျောင်းသား ၇ဦး၏ မိသားစုဝင်တချို့ကပြောသည်။

အသက်၂၀ ကျော်အရွယ် ကျောင်းသား ၇ ဦးကို အင်းစိန်ထောင်တွင်း စစ်ခုံရုံးက နိုဝင်ဘာ ၃၀ တွင် သေဒဏ်အမိန့်ချမှတ်လိုက်ပြီးနောက် တစ်ပတ်အတွင်း တရားလွှတ်တော်ရုံးအဆင့်ဆင့်ကို အယူခံတင်လွှာနှင့် အသနားခံစာများ တင်ပြတောင်းဆိုထားခြင်းဟု ဆိုသည်။

“သေဒဏ်ကနေ တစ်သက်တစ်ကျွန်း နှစ် ၂၀ ဆိုရင်တောင်ကျေနပ်ပါတယ်” ဟု သေဒဏ်အမိန့်ချမှတ်ခံရသည့် ကိုဟိန်းထက်၏ ဖခင်ဖြစ်သူ ဦးသိန်းရွှေကပြောသည်။

သို့သော် ပြစ်ဒဏ်ကျခံရသူများ၏ တင်ပြချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာ တုန့်ပြန်ချက် မရဘဲဖြစ်နေသည်ဟုလည်း ကျောင်းသား ၇ ဦး၏ မိသားစုဝင်အချို့က ပြောသည်။ ထို့အပြင် ပြစ်ဒဏ်ချခံထားရသူများနှင့် ပတ်သက်၍ ကောလာဟလများထွက်ပေါ်နေပြီး မိသားစုဝင်များကလည်း စိုးရိမ်လျက်ရှိသည်ဟု ကိုဇော်လင်းနိုင်၏မိခင်ဖြစ်သူက ငိုရင်းပြောသည်။

“မဖြစ်နိုင်ပါဘူးလို့တော့ပြောတာပဲ ဖြစ်နိုင်လားမဖြစ်နိုင်လားတော့ သူတို့(စစ်ကောင်စီ) လက်ခုပ်ထဲမှာပဲလေ ကျွန်မတို့ကလေးတွေက။ မဖြစ်ပါစေနဲ့ပဲ ကျမဆုတောင်းတယ် ကျွန်မသားလေးနဲ့ ကျွန်မ ခနလောက်ပဲမြင်ရရင်ကျေနပ်ပါတယ်”ဟု Myanmar Now ကိုပြောသည်။

ကမ္ဘာ့ရတနာဘဏ်မန်နေဂျာ ဒုဗိုလ်မှူးကြီး(ငြိမ်း) စောမိုးဝင်း ပစ်သတ်ခံရမှုနှင့်စွပ်စွဲကာ ဒဂုံတက္ကသိုလ်ကျောင်းသားများဖြစ်သည့် ကိုသူရမောင်မောင်၊ ကိုသီဟထက်ဇော်၊ ကိုဟိန်းထက်၊ ကိုခန့်ဇင်ဝင်း၊ ကိုဇော်လင်းနိုင်၊ ကိုသက်ပိုင်ဦးနှင့် ကိုခန့်လင်းမောင်မောင်တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂က/၃၄ ဖြင့် စစ်ကောင်စီက သေဒဏ်အမိန့်ချမှတ်ခဲ့သည်။

အမိန့်ချခံရပြီးနောက် ဒီဇင်ဘာ၃(စနေနေ့)က ထောင်ဝင်စာနှင့်သွားပို့ခဲ့ပြီး အသေးစိတ်သတင်းများ မကြားရဟုလည်း မိသားစုဝင်များကဆိုသည်။

“၁၄ရက်၁ခါ ပါဆယ်ပို့တယ် စာတွေပို့တယ် သူတို့ဆီကလည်းပြန်ရတယ် ကျန်းမာရေး ကောင်းလားလောက်ပဲရေးရတာပေါ့ ကျန်တာတွေရေးရင်လဲ သူတို့ဆီအဲ့စာမရောက်တော့ဘူး သူတို့ပြန်ရေးလို့ အခြားဟာပါရင်လည်း မင်နဲ့တားဖျက်ပစ်လိုက်တာ သူတို့လည်းကျန်းမာရေးကောင်း တယ် အပြင်ကလူတွေ ကျန်းမာအောင်နေမှာတယ်” ဟု ဦးသိန်းရွှေကပြောသည်။

ဒဂုံတက္ကသိုလ်မှကျောင်းသား ၇ ဦးအပါအဝင် ကျောင်းသားပြည်သူရာချီကို စစ်ကောင်စီက သေဒဏ် ချမှတ်နေမှုအပေါ် တက္ကသိုလ်ကျောင်းသားသမဂ္ဂများရာချီ၊ စစ်အာဏာရှင်ဆန့်ကျင်ရေးအင်အားစုများ၊ နိုင်ငံတကာမှ ကျောင်းသားအဖွဲ့အစည်းများက ကန့်ကွက်ရှုံချထားကြပြီး စစ်ကောင်စီလုပ်ရပ်များ ကို တားဆီးအရေးယူပေးပါရန် နိုင်ငံတကာကို တောင်းဆိုထားသည်။

Source – Myanmar Now

Related Posts

သတင်း

ရခိုင်တောင်ပိုင်းတွင် ၃ ရက်အတွင်း လူ ၅၀ ကျော် အဖမ်းခံရ

December 2, 2023

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တွင် စစ်ကောင်စီက သုံးရက်အတွင်း လူ ၅၀...

ထီးချိုင့်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ သေနတ်ဖြင့်ပစ်၊ ၁ ဦးသေဆုံး ၁ဦးဒဏ်ရာရဟုဆို
သတင်း

ထီးချိုင့်တွင် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ သေနတ်ဖြင့်ပစ်၊ ၁ ဦးသေဆုံး ၁ဦးဒဏ်ရာရဟုဆို

November 30, 2023

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့တွင် အောက်တိုဘာလ ၁၉ ရက်နေ့...

ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်
သတင်း

ရည်မှန်းချက်တူနေတဲ့အတွက် ပူးပေါင်းတယ်

November 25, 2023

မေး။ ။ မြစ်ကြီးနား- ဗန်းမော် လမ်းမပေါ်က စစ်ကောင်စီ...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist