ကယားပြည်နယ်ဒီမော့ဆိုမြို့နယ်ထဲကစစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့ရွာလေးရွာကိုKNDFပူးပေါင်းအဖွဲ့တွေကထိုးစစ်ဆင်တိုက်ခိုက်နေတယ်။တော်လှန်ရေးအဖွဲ့တွေရဲ့ထိုးစစ်ဆင်မှုကြောင့်စစ်ကောင်စီတပ်တွေထိုနေရာတွေကဆုတ်ခွာပေးလိုက်ရတယ်။တော်လှန်ရေးအဖွဲ့တွေကတော့စစ်ကောင်စီထောင်ထားခဲ့တဲမြေမြုပ်မိုင်းတွေကြောင့်ရွာသားတွေကိုရွာထဲပြန်မဝင်ကြသေးဖို့ပြောထားတယ်။ဒါပေမယ့်လဲစစ်တပ်ကသူတို့ဆုတ်ပေးလိုက်ရတဲ့နေရာတွေကိုပြန်ရဖို့စစ်ကြောင်းသုံးခုနဲ့အင်အားအလုံးအရင်းသုံးပြီးစစ်ကြောင်းပြန်ထိုးလာတယ်။အခုရက်တွေမှာဆိုလေကြောင်းကရောအတွဲလိုက်ဒုံးတွေပါသုံးပြီးတိုက်ခိုက်နေတယ်။အခြေအနေတွေငြိမ်သက်နေတာကြာပြီဖြစ်တဲ့လွိုင်ကော်မြို့ဘက်မှာလဲKNDFကစစ်သူပုန်တပ်တွေကိုတိုက်ခိုက်နေတယ်။
ကယားပြည်နယ်မှာတော်လှန်အဖွဲ့တွေဘက်ကထိုးစစ်မဆင်နိုင်တာကြာနေပြီ။စစ်ကောင်စီရဲ့ထိုးစစ်တွေကိုပဲခုခံနေရတဲ့အနေအထားကနေအခုတစိတ်တပိုင်းတော့ပြန်လည်တိုက်ခိုက်လာနိုင်ပြီ။ဒါပေမယ့်လဲလက်နက်အင်အားသာလွန်နေတဲ့စစ်သူပုန်တွေကိုတော့ရေရှည်ယှဉ်နိုင်ဖို့ကြိုးစားရဦးမယ်။