ရိုက်တာသတင်းဌာနကကျင်းပတဲ့ Reuters Next Leadership Summit နဲ့ Global Broadcast ပွဲမှာ NUGယာယီသမ္မတဒူဝါးလရှီးလမိန့်ခွန်းပြောခွင့်ရတယ်။သူပြောတဲ့မိန့်ခွန်းထဲမှာစစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးရေးအကြောင်းပါလာတယ်။NUGအနေနဲ့ဖက်စစ်တပ်နဲ့တွေ့ဆုံဆွေးနွေးရေးလမ်းဖွင့်ထားပါကြောင်း၊ဒါပေမယ့်ကြိုတင်သတ်မှတ်ချက်တွေတော့ရှိတယ်။
(1)ပြည်သူကို သတ်ဖြတ်နေတာတွေ ချက်ချင်းရပ်ရမယ်။
(2) စစ်တပ်ဟာ နိုင်ငံရေးမှထွက်ခွာရေးကို အာမခံချက်ပေးရမယ်။
(3)2008ခြေဥကို ဖျက်သိမ်းရမယ်။
(4)နိုင်ငံတကာရဲ့ လူသားစာနာအကူအညီတွေကို မနှောင့်ယှက်ရဘူး။
(5)နိုင်ငံတကာက ကြားဝင်ဆောင်ရွက်မှုကို လက်ခံရမယ်။
စတဲ့အချက်တွေကို ဖက်စစ်တပ်က လက်ခံရင် တွေ့ဆုံဆွေးနွေးမယ်လို့ ပြောလိုက်တယ်။
ထိုပွဲဟာနိုင်ငံတကာကခေါင်းဆောင်တွေဖြစ်တဲ့ ကနေဒါဝန်ကြီးချုပ်၊ လစ်သူယေးနီးယားဝန်ကြီးချုပ်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီး၊ IMF မန်နေးဂျင်းဒါရိုက်တာ၊ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ၊ တက်ရောက်တဲ့ပွဲဖြစ်တဲ့အတွက်သူပြောသမျှတွေဟာအတိုင်းအတာတစ်ခုထိအကျိုးသက်ရောက်မှုရှိနိုင်တယ်။NUGအနေနဲ့စေ့စပ်ဆွေးနွေးရေးအကြောင်းဒါပထမဆုံးအကြိမ်ထုတ်ပြောလိုက်တာပဲ။