စစ်ကောင်စီကဖမ်းဆီးထားတဲ့ဒဂုံတက္ကသိုလ်ကျောင်းသား၇ယောက်ကိုသေဒဏ်ချမှတ်လိုက်ပြီးကြိုးပေးကွပ်မျက်မယ်လို့သတင်းတွေထွက်ပေါ်နေတယ်။ထိုကျောင်းသား၇ဦးဟာဧပြီလကတောင်ဒဂုံမှာဖြစ်ပွားခဲ့တဲ့ကမ္ဘာရတနာဘဏ်ဓားပြတိုက်မှုမှာဘဏ်မန်နေဂျာဒုဗိုလ်မှုးဟောင်းကိုသေနတ်နဲ့ပစ်သတ်မှုနဲ့ဆွဲချက်တင်ခံထားရတာပါ။သူတို့ဟာတကယ်ပစ်မှုကျူးလွန်သူတွေဖြစ်ချင်မှဖြစ်လိမ့်မယ်။စစ်ကောင်စီကတွေ့တဲ့သူကိုဖမ်းဆီးအမှုဆင်နေကျပဲလေ။တက္ကသိုလ်ကျောင်းသားတော်လှန်ရေးပါမှာဝင်နေသူတွေဆိုတော့အမှုပိုကြီးသွားတာပေါ့။
စစ်ကောင်စီဟာတော်လှန်ရေးလှုပ်ရှားသူတွေကိုဖမ်းဆီးပြီးသေဒဏ်ချမှတ်မှုတွေကိုဆက်တိုက်လုပ်ဆောင်နေတယ်။ကိုဂျင်မီတို့နောက်ပိုင်းတကယ်ကြိုးမိန့်နဲ့သတ်ဖြတ်မှုတွေလုပ်နေတယ်လို့တော့မကြားမိသေးဘူး။ထောင်ထဲမှာတိုးတိုးတိတ်တိတ်လုပ်နေရင်တော့မပြောတတ်ဘူး။ဒါကြောင့်မတရားသေဒဏ်ချမှတ်ခြင်းခံထားရသူတွေအတွက်အသံများများထွက်ပေးဖို့လိုနေတယ်။