Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ထီးချိုင့်တွင် စစ်တပ်က သုံးရက်ဆက် မီးပတ်ရှို့နေ

စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးအဖွဲ့များ အားကောင်းသည့် ထီးချိုင့်မြို့နယ် ဧရာဝတီအနောက်ဘက်ခြမ်းတွင် စစ်ကောင်စီက စစ်ကြောင်း သုံးကြောင်း ပို့ထားသည်။

December 10, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

တော်လှန်ရေးအဖွဲ့များနှင့် စစ်ကောင်စီအကြား စစ်ရေးတင်းမာနေသည့် နိုင်ငံအလယ်ပိုင်း ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်းတွင် စစ်ကောင်စီက ရွာစဉ်လှည့်၍ သုံးရက်ဆက်တိုက် မီးရှို့နေကြောင်း စုံစမ်းသိရှိရသည်။

တောတောင်ထူထပ်သည့် ထီးချိုင့်မြို့ မြောက်ဘက် မဲဇာမြစ်နံဘေးရှိ ၆ ရွာထက်မနည်းကို ဒီဇင်ဘာ ၅ ရက်မှစကာ အင်အား ၈၀ နီးပါးပါ စစ်ကြောင်းဖြင့် စစ်ကောင်စီက စစ်ဆင်ရေးလုပ်နေကြောင်း၊ ထိုမျှ အင်အားရှိသည့် နောက်ထပ် စစ်ကြောင်းနှစ်ကြောင်းလည်း ဒေသတွင်း၌ ရှိနေကြောင်း ဒေသခံ နှစ်ဦးထံမှ သိရသည်။

ထီးချိုင့်မြို့ မြောက်ဘက် မိုင် ၄၀ ကျော်အကွာ အင်းတော်ဘက်မှ ဝင်လာသည့် စစ်ကြောင်းက ဒီဇင်ဘာ ၅ ရက်တွင် ပဲခင်း၊ ရွှေကျောင်း၊ ဘိုတဲကုန်း၊ ဒီဇင်ဘာ ၆ ရက်တွင် အင်းတိန်နှင့် လေသာရွာ၊ ယနေ့ (ဒီဇင်ဘာ ၇) နံနက် ၈ နာရီခန့်တွင် အောင်သာကုန်းရွာ တို့ကို မီးရှို့ပြီးနောက် မဲဇာလေးရွာကို ဝင်ရောက်စီးနင်းနေကြောင်း ၎င်းတို့က ဆိုသည်။

“အောင်သာကုန်းကို (ယနေ့) မနက်ကတည်းက မီးရှို့တယ်။ မဲဇာကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်စီးနင်းနေတယ်။ မြေပြင်မှာ တိုက်ပွဲမရှိဘူး။ ဒီအတိုင်းရှို့နေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထီးချိုင့်မြို့နေ အမျိုးသမီးတစ်ဦးက ပြောသည်။

သုံးရက်ဆက်မွှေနေသည့် စစ်ကောင်စီတပ်ဖွဲ့များ လက်ချက်ဖြင့် ပြည်သူပိုင် အိုးအိမ် မည်မျှဆုံးရှုံးသည်၊ ဒေသခံတို့ ထိခိုက်သေဆုံးမှု မည်မျှရှိသည်တို့ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

“နောက်ထပ် နောက်ဆံတင်းစရာ မရှိတော့ဘူး။ အိမ်တွေပစ္စည်း (ကုန်) သွားမှာစိုးလို့ ရွာနားမှာ တော်လှန်ရေးမလုပ်ဘူးဆိုတာမျိုးက အခုတော့ ပျက်စီးသွားပြီဆိုတော့ “မှတပါး” ဆုံးရှုံးစရာ မရှိတော့ဘူး။ အိုးအိမ်တွေ မီးရှို့ဖျက်ဆီးလိုက်လို့ တော်လှန်ရေးက ရပ်တန့်သွားမယ်လို့ ထင်ရင်တော့ အကြီးကြီးမှားသွားပြီ” ဟု လုံခြုံရေးအရ နေရပ်ထုတ်မပြောလိုသည့် ဒေသခံအမျိုးသားက ဆိုသည်။

အိမ်ခြေ ရာဂဏန်းရှိသည့် အင်းတိန်နှင့် လေသာကုန်းရွာကို နိုဝင်ဘာလကုန်ပိုင်းတွင် စစ်တပ်က စီးနင်းမီးရှို့ခဲ့ဖူးသည်။ ထိုစဉ်က အိမ်ခြေအများစု ပြာကျခဲ့ကြောင်း၊ ကျန်ရှိသည့်အိမ်အချို့ကို ယမန်နေ့ (ဒီဇင်ဘာ ၆) ရက်တွင် စစ်တပ်က တစ်ကျော့ပြန် မီးရှို့နေခြင်းဖြစ်ကြောင်း အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ (ဒီဇင်ဘာ ၇) ရက် နံနက်တွင် ထီးချိုင့်မြို့မှ ထွက်လာသည့် နောက်ထပ် စစ်ကြောင်းတစ်ခုက မြို့မြောက်ဘက် ၅ မိုင်ဝန်းကျင်အကွာရှိ ပေါက်ကုန်းရွာကို ဝင်ရောက်စီးနင်းနေကြောင်း၊ အသေးစိတ်အခြေအနေကို မသိရသေးကြောင်း ၎င်းတို့က ဆက်ပြောသည်။

ထီးချိုင့်မြို့နယ်အတွင်း နိုဝင်ဘာလကုန်ပိုင်းက ဝင်မွှေဖူးသည့် ကသာဘက်မှ လာသည့် စစ်ကြောင်းမှာ လက်ရှိတွင် စစ်ရေးလှုပ်ရှားမှုများ ငြိမ်သက်နေသော်လည်း ဒေသတွင်း၌ တပ်စွဲထားဆဲဖြစ်သည် ဟု ၎င်းတို့ထံမှ သိရသည်။

ထိုဒေသတွင်းတွင် စစ်ကောင်စီက နိုဝင်ဘာ ၂၅ မှ ဒီဇင်ဘာ ၃ အထိ ကိုးရက်ဆက်၍ မီးရှို့ခဲ့ဖူးရာ ဆူးပုံချောင်၊ အင်ကြင်းကုန်း၊ အင်းတိန်၊ အလယ်တော၊ လေသာ၊ ကျက်သရေချောင်း၊ သခွတ်ချောင် ရွာတို့မှ နေအိမ်ပေါင်း ၄၃၇ လုံး ပျက်စီးခဲ့ကြောင်း၊ ထီးချိုင့်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ဖူးသည်။ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးသန်းဇော်ဝင်း ဦးဆောင်သည့် တပ်မ ၈၈၊ ခြေမြန် တပ်ရင်း ၄၁၅ လက်ချက်ဖြစ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

စိုက်ပျိုးရေးအဓိကလုပ်ကိုင်သည့် ဧရာဝတီမြစ်အနောက်ဘက်ခြမ်း ထီးချိုင့်မြို့ မြောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံတို့မှာ စစ်ကောင်စီရန်ကြောင့် လယ်ယာလုပ်ငန်းခွင်စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

“ဒီအချိန်ဆိုရင် ကျွန်တော်တို့အချိန်က ရာသီချိန်။ အစည်ကားဆုံးအချိန်ပေါ့။ ကောက်ရိတ်၊ ပဲစိုက်၊ ပဲနုတ်၊ ဆောင်းကာလသီးနှံပေါ်တဲ့အချိန်ဆိုတော့ အရမ်းကို စည်ကားတဲ့အချိန်။ အခု တော်တော်ကြီး ခြောက်ကပ်သွားပြီ” ဟု အထက်ပါ အမျိုးသား သတင်းရင်းမြစ်က ပြောသည်။

ဒေသခံကာကွယ်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှုအားကောင်းသည့် ထီးချိုင့်မြို့နယ် မြောက်ဘက်ခြမ်းကို ရွာစဉ်လှည့်စစ်ကြောင်းနေသည့် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့များ နိုဝင်ဘာလကုန်ပိုင်းတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ လေကြောင်းဖြင့် ၅ ကြိမ်ထက်မနည်း ပစ်ခတ် တိုက်ခိုက်ခဲ့ပြီးနောက် ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း ဒေသခံများထံမှ သိရသည်။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီထံ မေး၍ မရသေးပါ။

စစ်မျက်နှာများစွာဖွင့်ထားရသည့် စစ်ကောင်စီက နိုင်ငံအနှံ့ အရပ်သားတို့၏အိုးအိမ်များ ပျက်စီးဆုံးရှုံးသည့် ဖြစ်စဉ်များမှာ ၎င်းတို့ လက်ချက်မဟုတ်ဟု ငြင်းလေ့ရှိသည်။ သို့သော် ၂၀၁၆-၁၇ တွင် ရခိုင်ပြည်နယ်အတွင်း အလားတူကျူးလွန်မှုများကြောင့် နိုင်ငံတကာတရားရုံးတွင် စစ်ကောင်စီက တရားရင်ဆိုင်နေရသည်။

Source – Myanmar Now

Related Posts

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။
သတင်း

တံဆိပ်ကပ် နိုင်ငံရေး ဒလန်ဟု တံဆိပ်ကပ်လိုက်လျှင် သက်ရောက်မှုကြီးတတ်သည်၊ နိုင်ငံရေး၊ ကျား မ တန်းတူရေး စသည့် လှုပ်ရှားမှုများတွင်လည်း တံဆိပ်ကပ်မှုများ တွေ့ရနိုင်သည်။ ဖျောက်ဖျက်ရမည့် အကျင့်ဆိုး ဖြစ်သည်။

March 13, 2025

အနီးခေတ် လွတ်လပ်ရေးအကြို ကြိုးပမ်းမှုကာလမှစ၍   ခေတ်စနစ်၊...

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု
သတင်း

မြန်မာစစ်အာဏာရှင်၏ ရွေးကောက်ပွဲစကား – အချိန်ဝယ်ယူမှုနှင့် လိမ်လည်လှည့်ဖြားမှု

March 13, 2025

မင်းအောင်လှိုင်၏ နောက်ဆုံးထုတ်ပြန်ခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်ချက်များသည် သတင်းမှားဖြန့်ချိမှု၊...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English