အေအေနဲ့စစ်ကောင်စီအပစ်ရပ်ပီးနောက်ပိုင်းကျန်တဲ့EAOတွေလဲခြောက်လအပစ်ရပ်မယ်လို့ကောလဟာလသတင်းတွေထွက်ပေါ်လာတယ်။ဖြစ်နိုင်ခြေနည်းပေမယ့်ဒါဟာလဲတော်လှန်ရေးအတွက်သတိထားရမယ့်အချက်တစ်ခုပဲ။အခုလောလောဆယ်မှာစစ်တပ်နဲ့တိုင်းရင်းသားလက်နက်ကိုင်တွေကြားKNUကလွဲလို့တိုက်ပွဲတွေငြိမ်သက်နေတယ်။အဲ့ဒီလိုသာတကယ်ဖြစ်လာခဲ့မယ်ဆိုရင်NUGအနေနဲ့ဘာတွေပြင်ဆင်ထားမလဲ။ကြည့်ရတာတော့ဘာမှပြင်ဆင်ထားပုံမပေါ်ဘူး။
အရှိကိုအရှိအတိုင်းသုံးသပ်ရမယ်ဆိုရင်ဖက်ဆစ်စစ်တပ်ဟာတနိုင်ငံလုံးစစ်မျက်နှာဖွင့်ထားရပေမယ့်အခုချိန်ထိအင်အားတောင့်တင်းနေတုန်းပဲ။တော်လှန်ရေးအဖွဲ့တွေကိုတိုက်စစ်မဖွင့်နိုင်တော့ပေမယ့်ခံစစ်ကိုကောင်းကောင်းတည်ဆောက်ထားနိုင်တယ်။စစ်တပ်ကိုလက်ရှိပုံစံနဲ့အပြုတ်တိုက်ဖို့ဆိုတာထင်သလောက်မလွယ်သေးဘူး။ရခိုင်ကအေအေကိစ္စမှာသိသာတယ်။
အေအေဟာစစ်တပ်အင်အားနည်းနေတယ်လို့ထင်ရတဲ့အချိန်ရခိုင်မှာစစ်မျက်နှာဖွင့်တိုက်စစ်ဆင်ခဲ့တယ်။ဒါပေမယ့်ထင်သလောက်ခရီးမပေါက်ခဲ့ဘူး။နယ်စပ်တွေမှာစစ်တပ်ရဲ့စခန်းငယ်လေးတွေကိုသိမ်းပိုက်နိုင်ခဲ့ပေမယ့်မောင်တောနဲ့ပလက်ဝလိုမြို့တွေကိုခြိမ်းခြောက်နိုင်တဲ့အနေအထားကိုမရောက်ခဲ့ဘူး။ရခိုင်မြောက်ပိုင်းကစစ်တပ်ရဲ့ဗျူဟာကုန်းစခန်းတွေကိုတောင်မသိမ်းပိုက်နိုင်ခဲ့ဘူး။နှစ်လခန့်မီးကုန်ယမ်းကုန်တိုက်ခိုက်ပြီးတဲ့နောက်မှာအေအေအနေနဲ့လက်နက်အင်အားအရင်းအမြစ်ကုန်ခန်းသွားတာကြောင့်အပစ်ရပ်လိုက်တာလို့ယူဆချင်စရာပဲ။စစ်တပ်ကမဆိုင်တဲ့အရပ်ဖက်ကိုပစ်မှတ်ထားတိုက်ခိုက်ပိတ်ဆို့တာတွေလဲပါမှာပေါ့။တကယ်ကရခိုင်ကအရပ်သားတွေရဲ့စစ်ဘေးဒုက္ခဟာစစ်ကိုင်းနဲ့ယှဉ်ရင်မပြောပလောက်သေးဘူး။ဒီတခေါက်တိုက်ပွဲတွေခြားထဲမှာရခိုင်ကရွာတွေမီးတိုက်မခံရသေးဘူး။ဒါကြောင့်အေအေအနေနဲ့အပစ်ရပ်လိုက်တာဟာစစ်တပ်ကိုရင်ဆိုင်ဖို့အချိန်ခါမသင့်သေးဘူးလို့ယူဆထားလို့ဖြစ်နိုင်တယ်။