စစ်ကောင်စီနဲ့အပစ်ရပ်ကြောင်းအေအေဖက်ကလဲတရားဝင်ကြေငြာသွားပြီ။အရင်တခေါက်ကအတိုင်းဂျပန်နိပွန်ဖောင်ဒေးရှင်းကဆာဆာကာဝါကပဲကြားဝင်ပွဲစားလုပ်ပေးသွားတာပါ။အပစ်ရပ်တယ်ဆိုပေမယ့်လဲနှစ်ဖက်လုံးကတပ်တွေရောက်တဲ့နေရာမှာရပ်ထားပြီးစစ်ဆက်မတိုက်တော့တဲ့သဘောပဲ။နှစ်ဖက်ခိုင်မာတဲ့သဘောတူညီချက်ဘာတစ်ခုမှမရှိဘူး။အေအေဖက်ကတော့ရခိုင်ပြည်သူတွေကိုငဲ့ပြီးအပစ်ရပ်လိုက်တာလို့ပြောသွားတယ်။စစ်ကောင်စီကအေအေနဲ့ဖြစ်တဲ့တိုက်ပွဲတွေကြောင့်ရခိုင်တပြည်နယ်လုံးကိုပိတ်ဆို့ထားပြီးဖြတ်လေးဖြတ်လုပ်ထားတယ်။အကျိုးဆက်အနေနဲ့ရခိုင်မှာကုန်ပစ္စည်းရှားပါးမှုတွေဖြစ်လာပြီးဆေးဝါးတွေဆိုဝယ်လို့တောင်မရတော့တဲ့အခြေအနေဖြစ်လာတယ်။ဒါကြောင့်အေအေအနေနဲ့ရခိုင်ပြည်သူတွေသက်သာအောင်အခုလိုဆုံးဖြတ်လိုက်တာလို့သိရတယ်။အခုလောလောဆယ်တော့စစ်တပ်ကရေလမ်းကြောင်းတချို့ဖွင့်ပေးလိုက်ပြီးကုန်းလမ်းတွေကိုတော့ပိတ်ဆို့ထားဆဲပဲ။
အေအေကစစ်တပ်နဲ့အပစ်ရပ်တာနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအမျိုးမျိုးထွက်ပေါ်နေတယ်။အချို့ကအေအေကိုဆဲကြတယ်။တော်လှန်ရေးကိုသစ္စာဖောက်သွားပြီလို့ပြောြကတယ်။တချို့ကတော့အေအေကသူ့လမ်းသူလျှောက်နေတဲ့အတွက်သူအဆင်ပြေသလိုမီးစင်ကြည့်ကမှာပဲလို့ပြောြကတယ်။တကယ်တော့အေအေဟာNUGနဲ့ဘာမှပူးပေါင်းထားတာမဟုတ်ဘူး။ဘာသဘောတူညီချက်မှလဲမယူထားဘူး။သူ့ကံကြမ္မာသူလွတ်လပ်စွာဖန်တီးနိုင်တဲ့အတွက်သူ့ကိုဘာမှသွားပြောလို့မရဘူး။ဘာပဲဖြစ်ဖြစ်အေအေအနေနဲ့ရခိုင်မှာအပစ်ရပ်လိုက်တော့တော်လှန်ရေးအတွက်အားလျော့သွားတာပေါ့။