Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

USDP ဥက္ကဋ္ဌက တော်လှန်ရေးကို ချေမှုန်းရန် ကတိပြု

December 2, 2022
in သတင်း
Reading Time:1min read
Share on FacebookShare on Twitter

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေသော ခုခံတော်လှန်ရေးသမားများသည် ဆင်ခြင်တုံတရား မဲ့သူများဖြစ်ကြောင်း မြန်မာစစ်တပ် ကျောထောက်နောက်ခံပြု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌက စစ်ကိုင်းတိုင်း၊ မုံရွာတွင် တနင်္လာနေ့က ပါတီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

ဦးခင်ရီက “မျက်ရည်ကိုသုတ်၊ ဓားကိုဆုပ်၊ ရှေ့တလှမ်းတိုးကြပါစို့” ဟု ပါတီဝင်များကို တိုက်တွန်းပြီး ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) ကို တိုက်ခိုက်မည်ဖြစ်ကြောင်း USDP ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

ထိုသဘောထားတင်းမာသော အမျိုးသားရေးအမည်ခံဝါဒီသည် နိုဝင်ဘာလ ၃ ရက်နေ့က နေပြည်တော် တပ်ကုန်းတွင် ပါတီဝင်များနှင့်တွေ့ဆုံခဲ့သည်။ အသက် ၇၀ ရှိပြီဖြစ်သော ဦးခင်ရီက USDP ပါတီဝင်များကို သတ်ဖြတ်မှုများအပေါ် ရှုတ်ချပြီး သူသည် စစ်အရာရှိဟောင်းတဦး ဖြစ်ကြောင်း၊ USDP ဥက္ကဋ္ဌ ဖြစ်ကြောင်း၊ စစ်ကောင်စီထောက်တိုင် အမာခံ ဖြစ်ကြောင်းပြောပြီး သူ့ကိုလာသတ်ရန် PDF များကို စိန်ခေါ်သည်။

ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်သော USDP သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းမှု မဖြစ်မီနှင့် ဖြစ်ပြီးနောက်ပိုင်း စစ်တပ်ထောက်ခံပွဲများ ကျင်းပရာတွင် ဦးဆောင်ကာ စစ်ကောင်စီက အတိုက်အခံ သဘောထားကွဲသူများကို ဖမ်းဆီးရာတွင် ကူညီသည်။ USDP အဖွဲ့ဝင်များသည် စစ်တပ် ကျောထောက်နောက်ခံပြု ပျူစောထီး ခါးပိုက်ဆောင်တပ်များတွင်လည်း ပါဝင်ကြသည်။

စစ်အာဏာသိမ်းပြီးနောက် ၎င်းတို့ပါတီဝင်နှင့် ထောက်ခံသူ ၁,၆၀၀ ကျော် သတ်ဖြတ်ခံရကြောင်း USDP က ပြောကြားသည်။

စစ်ကောင်စီကို ခုခံတော်လှန်ရေးနှင့် နွေဦးတော်လှန်ရေး အမာခံဒေသဖြစ်သော စစ်ကိုင်းတိုင်းမှ ပါတီဝင်များနှင့် တွေ့ဆုံစဉ် ဦးခင်ရီက USDP ရုံးများနှင့် ပါတီဝင်များအတွက် ပိုမို ကောင်းမွန်သော လုံခြုံရေး အစီအစဉ်များ ချမှတ်ရန် တောင်းဆိုသည်။ အသတ်ခံရသော ပါတီဝင်များ၏ မိသားစုများကို အားပေးစကားပြောပြီး အချိန်တန်လျှင် PDF များကို တိုက်ခိုက်ရန် အသင့်ရှိရန်လည်း ပြောသည်။

ပါတီဝင်များကိုကူညီရန်၊ ပါတီဝင်များ၏ စိုးရိမ်ပူပန်မှုများကို နားထောင်ရန်နှင့် ပြဿနာများကို ဖြေရှင်းပေးရန် လာခြင်းဖြစ်ကြောင်း ဦးခင်ရီက ပါတီဝင်များကို ပြောသည်။

PDF များကို စိန်ခေါ်နေသော်လည်း ဦးခင်ရီသည် စစ်ကိုင်းတိုင်းသို့ ကုန်းလမ်းမှ မသွားရဲဘဲ လေကြောင်းမှ သွားရသည်။

လွန်ခဲ့သောလက USDP ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခံရပြီးနောက် ဦးခင်ရီသည် ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းတို့တွင် ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားပြီး အမျိုးသားရေးကို လှုံ့ဆော်ကာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို တိုက်ခိုက်ပြီး PDF များကို တိုက်ရန် ပါတီဝင်များကို လှုံ့ဆော်နေသည်။

စစ်ကောင်စီ၏ စကားများကို သံယောင်လိုက်သော ထိုဗိုလ်မှူးချုပ်ဟောင်းက NLD အစိုးရသည် ရွေးကောက်ပွဲမသမာမှု ကျူးလွန်ကြောင်း၊ ဗုဒ္ဓဘာသာကို ကာကွယ်ရန် ပျက်ကွက်ကြောင်း စွပ်စွဲသည်။

စစ်တပ်က အာဏာမသိမ်းလျှင် နေအိမ်များမှ ဘုရားစင်များ ပျောက်ကွယ်ကုန်မည်ဟု ဦးခင်ရီက ပြောသည်။

စစ်အာဏာရှင် အဆက်ဆက်၏လူယုံ ဦးခင်ရီသည် ၂၀၀၇ ခုနှစ်က နိုင်ငံတဝှမ်း ကျယ်ပြန့်သည့် ရွှေဝါရောင်တော်လှန်ရေးကို ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းသူဖြစ်သည်။ သူသည် ယခင် စစ်အုပ်စုခေတ်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်တွင် ဖမ်းဆီးထားခြင်းအား ကြီးကြပ်သူလည်းဖြစ်သည်။

သူသည် ဦးသိန်းစိန် အရပ်သားအစိုးရတပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဖြစ်သည်။ သူသည် USDP ဒုဥက္ကဋ္ဌတာဝန်ယူပြီး စစ်တပ်ထောက်ခံပွဲများလုပ်ကာ ၂၀၂၁ အာဏာသိမ်းမှုကို စီစဉ်သူ ဖြစ်သည်။ ထိုစစ်တပ်ထောက်ခံပွဲများသည် ရန်ကုန်တွင် ရုတ်ရုတ်သဲသဲဖြစ်ပြီး ၎င်းတို့ကို ဆန့်ကျင်သူများအား ထိုးကြိတ်ပြီး ဓားဖြင့်ထိုးသည်။

အာဏာသိမ်းပြီးနောက် ဦးခင်ရီကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီးခန့်ပြီးနောက် USDP ဥက္ကဋ္ဌ ဖြစ်လာသည်။ သူ့ကို စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်စေမည့် လာမည့်နှစ်တွင် လုပ်မည်ဖြစ်သော ရွေးကောက်ပွဲများကို ကြီးကြပ်ရန် စေခိုင်းထားသည်ဟု ယူဆကြသည်။

Source – Irrwaddy

Related Posts

စစ်ကောင်စီက ရည်ညွှန်းဈေး မြှင့်လိုက်ပြီးနောက် စက်သုံးဆီဈေး ခုန်တက်
သတင်း

စစ်ကောင်စီက ရည်ညွှန်းဈေး မြှင့်လိုက်ပြီးနောက် စက်သုံးဆီဈေး ခုန်တက်

December 7, 2023

စက်သုံးဆီဖြန့်ဖြူးရေးနှင့်ပတ်သက်၍ အာဏာသိမ်းစစ်တပ်က ရည်ညွှန်းလက်လီနှင့် လက်ကားဈေးနှုန်းများ မြှင့်တင်လိုက်ပြီးနောက်...

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၇ နိုဝင်ဘာ၂၀၂၃)
သတင်း

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု ( ၁၇ နိုဝင်ဘာ၂၀၂၃)

December 4, 2023

အမျိုးသားညီညွတ်ရေးအစိုးရ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ဝေလူးကျေးရွာ၊ ရွာအလယ်ကို အကြမ်းဖက်စစ်တပ်က...

သတင်း

ရခိုင်တောင်ပိုင်းတွင် ၃ ရက်အတွင်း လူ ၅၀ ကျော် အဖမ်းခံရ

December 2, 2023

ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့နယ်တွင် စစ်ကောင်စီက သုံးရက်အတွင်း လူ ၅၀...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist