ကရင်ပြည်နယ်၊ တပ်မဟာ ၆ နယ်မြေအတွင်းကို စစ်ကောင်စီတပ်ရဲ့ ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်၊အင်း တိုင်အခြေစိုက် အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ် ( တမခ ၁၁) လက်အောက်ခံတပ်ရင်းတချို့ ထပ်မံဝင် ရောက်လာတယ်။
ကရင်ပြည်နယ်အတွင်း KNU တပ်မဟာ ၅ နဲ့ ၆ ထိန်းချုပ်နယ်မြေတွေအတွင်းမှာ စစ်ကာင်စီတပ်က ကျိုက်ထို အခြေစိုက် အမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ်( တမခ ၄၄) ၊ ထားဝယ်အခြေစိုက် အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ် ( စကခ ၈) ၊ ဘုတ်ပြင်းအခြေစိုက် စကခ ၁၃ စတဲ့တပ်မတွေနဲ့အပြင် ကရင်ပြည်နယ်အတွင်းက နယ် မြေခံတပ်တွေနဲ့တိုက်ခိုက်ရေးလုပ်ဆောင်နေရာကနေ ၄ ခုမြောက် ပြင်ပတပ်မအဖြစ် ရန်ကုန်တိုင်းအခြေစိုက်တဲ့တပ်မ ၁၁ ကို ထည့်သွင်းအသုံးပြုလာတာဖြစ်တယ်။
စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာ တပ်မ ၄၄ ၊ စကခ ၈ နဲ့ စကခ ၁၃ လက်အောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ သေဆုံးထိခိုက်ဒဏ်ရာရများပြားလွန်းတဲ့အပြင် အရှင်ဖမ်းဆီးခံရမှု၊ ကရင့်တော်လှန်ရေးအင်အားစုတွေဆီ CDM ပြုလုပ်ဘက်ပြောင်းလာမှုတွေကြောင့် အင်အားယုတ်လျော့လာလို့ နောက်ထပ်တပ်မ ၁ ခုထပ်မံထည့်သွင်းတာပါ။လက်ရှိတပ်မတွေမှာ အင်အားလျော့လာတော့ နယ်မြေရှင်းဖို့အတွက်ကို စခန်းအထိုင်တွေကနေ ထုတ်နှုတ်ဖို့အင်အားမရှိတော့ဘူး။ စခန်းတွေကထုတ်ပြီး နယ်မြေရှင်းလိုက်ရင်စခန်းမှာလူမကျန်တော့မှာကြောင့် နောက်တပ်မတစ်ခုထပ်ထည့်ပြီး စခန်းအထိုင်မဟုတ်ဘဲနဲ့ ကော့ကရိတ်နဲ့ကြားအင်းဆိပ်ကြီးတဝိုက်ကို နယ်မြေရှင်းပုံစံမျိုးထပ်ထည့်တာဖြစ်ဖို့များတယ်။ ခဏလည်းဖြစ်နိုင်သလို ကြာရင်လည်းကြာနိုင်တယ်။ဘယ်လိုဘဲပြောပြော တပ်မဟာ ၅ နဲ့၆ ဂွင် ၂ ခုမှာတင် နယ်မြေခံတိုင်းတပ်၊စစ်ဗျူဟာတပ်တွေ၊ တိုက်ခိုက်ရေးတပ်မ ၃ ခုအပြင် နောက်ထပ် ၄ ခုမြောက်ထပ်ထည့်ရတယ်ဆိုတာ စစ်ကောင်စီဘက်ကအခြေအနေကိုမြင်သာနေပါတယ်။