မြန်မာအကျဉ်းထောင်တစ်ခုမှာ နှစ်နှစ်နီးပါး အကျဉ်းချခံရပြီးနောက် ပြီးခဲ့တဲ့အပတ်က လွတ်မြောက်လာ ခဲ့တဲ့ သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ်က စစ်ကြောရေးနဲ့ အကျဉ်းထောင်တွင်း ဖြတ်သန်းခဲ့ရပုံ တွေကို အင်တာဗျူးတစ်ခုမှာ The Australian သတင်းစာသို့ ပြောပြခဲ့တယ်။
သူဟာဖမ်းဆီးခံရပြီးနောက် ၆ မီတာနှင့် ၂ ဒသမ ၅ မီတာကျယ်သော ပြတင်းပေါက်မပါတဲ့ အင်းစိန်ထောင်ရှိ အကျဉ်းတိုက်ခန်းမှာ ချုပ်နှောင်ခံခဲ့တယ်။သူကိုအခြားအကျဉ်းသားတွေကို လုပ်သလို လျှပ်စစ်ရှော့တိုက်တာတော့ မလုပ်ဘူး။ ဒါပေမယ့် ညစ်ပတ်စုတ်ပြတ်နေတဲ့ အခန်းထဲမှာ ထားပြီး သံပုံးနဲ့ စားစရာကျွေးတယ်။
နေပြည်တော် အကျဉ်းထောင်မှာ အကျဉ်းသားတွေကို တစ်ရက်ကို နာရီ ၂၀ ကြာ တိုက်ပိတ်ကာ သံခြေ ချင်းခတ်ထားတယ်လို့ သူက ပြောပါတယ်။မိုးရာသီရောက်ရင် အကျဉ်းတိုက်ခန်းခေါင်မိုးက မိုးယိုပြီး ခေါင်မိုးကနေ ရေတွေစီးကျနေလို့ အဝတ်အ စားနဲ့ စောင်တွေ ရေမစိုအောင် ပိုက်ထားပြီး တညလုံး ထိုင်နေရတယ်” လို့ နေပြည်ထောင်တွင်း ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ရှောင်တာနဲလ်က ပြောခဲ့တယ်။
သူ့လိုနာမည်ကြီးနိုင်ငံခြားသားတစ်ယောက်ကိုတောင်စစ်ကောင်စီကအကျဉ်းစခန်းထဲမှာဒီလိုဆက်ဆံတယ်ဆိုရင်အခြားမြန်မာနိုင်ငံသားနိုင်ငံရေးအကျဉ်းသားတွေရဲ့အခြေအနေကမတွေးဝံစရာပဲ။ဒီအိမ်မက်ဆိုးကြီးတွေကိုကျော်ဖြတ်ဖို့မြန်မြန်အောင်ပွဲရမှဖြစ်မယ်။