အာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေးမှာစစ်ကောင်စီကကာကွယ်ရေးဝန်ကြီးကိုမဖိတ်တော့ဘူး။အာဏာသိမ်းပြီးနောက်ပိုင်းထိုအစည်းအဝေးတွေမှာအာဆီယံကစစ်ကောင်စီကိုဆက်လက်ဖိတ်ကြားနေခဲ့ပေမယ့်ဒီတခေါက်စစ်ကောင်စီကိုအဖက်မလုပ်တော့တာထူးခြားမှုတစ်ခုပဲ။ဒါမျိုးကဖြစ်သင့်နေတာကြာပြီ။နောက်ပိုင်းမှာအာဆီယံကစစ်ကောင်စီကိုထိပ်သီးအစည်းအဝေးတွေတင်မကပဲဒေသတွင်းမှာလုံးဝပစ်ပယ်ထားဖို့ဆွေးနွေးထားတယ်။လူရာဝင်ချင်လွန်းလို့နိုင်ငံရေးအကျဉ်းသားတချို့လွှတ်ပေးခဲ့တဲ့စစ်ကောင်စီအဖို့တော့ကြိုးစားသမျှအရာမထင်ခဲ့ဘူးပေါ့။
မင်္ဂလာဒုံကဖျက်စီးခံရတော့မယ့်ရပ်ကွက်ထဲမှာနေထိုင်တဲ့အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ကတော့ကိုယ့်ကိုကိုယ့်သတ်သေသွားကြပြီ။နေရင်းထိုင်ရင်းကိုယ့်အိမ်ဖျက်စီးခံရတော့မယ့်အခြေအနေမှာဘယ်လောက်တောင်မျှော်လင့်ချက်မဲ့နေမလဲ။စစ်ကောင်စီကတော့ပြည်သူတွေရဲ့ဘဝပေါင်းများစွာကိုနည်းမျိုးစုံနဲ့ဖျက်စီးနေတယ်။