Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ခရမ်းမှာ ရပ်ကွက်နဲ့ကျေးရွာပါမကျန် ဆိုင်ကယ်စီးခွင့်ပိတ်မယ်

November 28, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ထဲက ရပ်ကွက်၊ကျေးရွာ ပါမကျန် အားလုံး လာမယ့်နိုဝင်ဘာ ၂၆ ရက်နေ့ကစပြီး ဆိုင်ကယ်စီးခွင့်ပိတ်မှာဖြစ်တယ်လို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပါတယ်။

ရပ်ရွာတွေအထိပါ ဆိုင်ကယ်စီးခွင့်ပိတ်မယ့်အစီစဥ်က ကျေးရွာနေထိုင်သူတွေအတွက် အမှန်တကယ် အဆင်မပြေကြောင်း၊သွားလာရေး အလွန်ခက်ခဲတာတွေဖြစ်လာနိုင်တဲ့အပြင် ကျန်းမာရေးကိစ္စတွေအတွက်သွားလာရာမှာပါ အခက်ကြုံတာကြောင့် ဒုက္ခရောက်နိုင်တယ်လို့ ခရမ်းဒေသခံတချို့က ပြောပါတယ်။

” ရွာတွေမှာက ဆိုင်ကယ်အဓိကအသုံးပြုလုပ်ကိုင်နေရတာ၊တခုခုဆို ဒီဆိုင်ကယ်ပဲရှိတာ။စက်ဘီးနဲ့က အနီးအနားလောက်ပဲအဆငိပြေတာ၊ ပစ္စည်းဝိတ်များတာဆိုရင်လည်း ဆိုင်ကယ်ကမှ အဆင်ပြေတာ ။သူတို့ဘယ်လိုစိတ်ကူးနဲ့ဆိုင်ကယ်စီးခွင့်ပိတ်လဲ စဥ်းစားမရဘူး။ ရွာမှာက ဘေးတွဲဆိုင်ကယ်ကလည်း လိုချင်တဲ့အချိန် ငှားမရနိုင်ဘူး။တနေ့လုပ်မှ တနေ့စားရသူတွေဆို ငှားခအပိုမပေးနိုင်ဘူးလေ ၊ ပြီးခဲ့တဲ လကတည်းက ဆိုင်ကယ်စီးခွင့်ပိတ်တယ် စီးမရဘူးလို့ အသိပေးတာမျိုးလည်းရှိခဲ့ပေမယ့် အခုကတော့ စာထုတ်တာပေါ့။ရွာတွေအထိတော့ မပါလောက်ဘူးထင်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။

အုပ်ချုပ်ရေးအဖွဲ့ ကတော့ အခုလို ဆိုင်ကယ်စီးခွင့်ပိတ်တာဟာ အရပ်သားပြည်သူတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေကို ဆိုင်ကယ်စီးပြီး သတ်ဖြတ်သူတွေရှိတာကြောင့် ခရမ်းမြို့နယ်ထဲ ရပ်ကွက်ကျေးရွာပါမကျန် ဆိုင်ကယ်စီးခွင့်တားမြစ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ အုပ်ချုပ်ရေးအဖွဲ့ အသိပေးစာမှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ဆိုင်ကယ်စီးနင်းခွင့်ပိတ်မယ့် နိုဝင်ဘာလ ၂၆ ရက်ကစပြီး စီးနင်းတာတွေမလုပ်ဖို့နဲ့ အကယ်၍ စီးနင်းနေတာကိုဖမ်းမိပါက ဖမ်းဆီးအရေးယူမှာဖြစ်တယ်လို့သိရပါတယ်။

ဆိုင်ကယ်စီးခွင့်ပိတ်လိုက်တာကြောင့် ခရမ်းမြို့နယ်ရပ်ကွက် ၊ ကျေးရွာအုပ်စုအတွင်း သွားရေးလာရေး အခက်ခဲမဖြစ်အောင် ဘေးတွဲ ဆိုင်ကယ်တွေ၊ ဘတ္ထရီစက်ဘီးနဲ့ ကျန်တဲ့ အနှေးယာဉ်တွေ၊ ကားတွေကိုတော့ သတ်မှတ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအတိုင်း ပုံမှန်စီးနင်းသွားလာခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ခရမ်းမြို့နယ်ထဲမှာ ဆိုင်ကယ်အသုံးပြုပြီး သတ်ဖြတ်ခဲ့မှု (၂၅)ကြိမ်ရှိပြီး သေဆုံးသူက (၂၁)ဦး ရှိခဲ့ကာ အဲ့ဒီထဲမှာ အုပ်ချုပ်ရေးမှူးတွေလည်းပါတယ်လို့ သိရပါတယ်။

အရင်ကလည်း ရန်ကုန်တိုင်းထဲက သန်လျင်မြို့၊ တွံတေး၊ဒလမြို့နယ်တွေမှာလည်း ဆိုင်ကယ်စီးခွင့် ပိတ်ထားပါတယ်။

Source – Voice of Myanmar

Related Posts

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး  မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။
သတင်း

ပဲခူးတိုင်း မင်းလှမြို့နယ်တွင် နေအိမ် ၂၀၀ နီးပါး မီးရှို့ခံရ ရွာမီးရှို့၊ ပစ်ခတ်ခံရသဖြင့် ထွက်ပြေးတိမ်းရှောင်ရသူများထဲတွင် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များနှင့် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်ဟု သိရသည်။

July 6, 2025

ပဲခူးတိုင်း အနောက်ဘက်ခြမ်း၊ သာယာဝတီခရိုင် မင်းလှမြို့နယ်တွင် အင်အားရာနှင့်ချီ...

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ
သတင်း

စစ်ကောင်စီက ရွေးကောက်ပွဲကာကွယ်သည့် အထူးဥပဒေ ပြဋ္ဌာန်းရန် စီစဉ်နေ

July 6, 2025

ယခုနှစ်ကုန် ကျင်းပမည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ နိုင်ငံရေးအရ...

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025
သတင်း

MNDAA နှင့် စစ်ရေးတင်းမာမှု တွေ့ဆုံဖြေရှင်းမည်ဟု SSPP ထုတ်ပြန် April 30, 2025

May 2, 2025

မဇ္ဈိမ။ ။ရှမ်းပြည်နယ်မြောက်ပိုင်းတွင် MNDAAနှင့် စစ်ရေးတင်းမာမှုကို နှစ်ဖက်ခေါင်းဆောင်များ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English