မနေ့ကပြန်လွှတ်ပေးလိုက်တဲ့သူတွေအတွက်ဝမ်းသာရပါတယ်။တော်တော်များများလဲကိုယ့်အိမ်ကိုပြန်ရောက်နေကြပြီ။ဒေါက်တာရှောင်တာနယ်ဆိုသူ့နိုင်ငံကိုနေ့မကူးပဲပြန်ရောက်နေပြီ။မြန်မာပြည်သူတွေကိုမမုန်းပါဘူးလို့လဲပြောသွားသေးတယ်။သူဟာမြန်မာပြည်ကိုအတော်သံယောဇဉ်ကြီးတဲ့သူတစ်ယောက်ပဲ။
စစ်ကောင်စီဟာဒီတခေါက်နာမည်ကြီးတွေကိုလွှတ်ပေးလိုက်ခြင်းဖြင့်လတ်တလောရင်ဆိုင်နေရတဲ့ပြည်တွင်းပြည်ပဖိအားတွေကိုလျှော့ချဖို့ကြိုးစားလျက်ရှိတယ်။လောလောလတ်လတ်အာဆီယံထိပ်သီးအစည်းအဝေးမှာနိုင်ငံခေါင်းဆောင်တွေကစစ်ကောင်စီကိုပိုမိုဖိအားပေးဖို့ပြောဆိုလာကြတယ်လေ။တဆက်ထဲမှာပဲအရှေ့အာရှထိပ်သီးအစည်းအဝေးကိုလဲပြုလုပ်ဖို့ရှိတယ်။လာမယ့်လမှာအာဆီယံကိုယ်စားလှယ်ကလဲနောက်တစ်ခေါက်လာဦးမယ်။ဒါကြောင့်အခါကြီးရက်ကြီးမဟုတ်ပဲနာမည်ကြီးသူတွေဟန်ပြလွှတ်ပေးတယ်လို့ယူဆရတယ်။သူတို့ဘယ်လိုပဲကြိုးစားပါစေဒေါ်အောင်ဆန်းစုကြည်တို့လိုနိုင်ငံခေါင်းဆောင်တွေကိုမလွှတ်ပေးသ၍ပြည်တွင်းပြည်ပဖိအားတွေလျော့သွားမှာမဟုတ်ဘူး။စစ်အုပ်စုဟာအစဉ်အဆက်သူတို့ဖိအားများလာရင်ဒါမျိုးလုပ်တတ်တယ်ဆိုတာလူတိုင်းသိပြီးသားဖြစ်တယ်။နိုင်ငံတကာကလဲဒေါ်အောင်ဆန်းစုကြည်တို့ကိုလွှတ်ပေးဖို့ကိုသာအစဉ်တစိုက်တောင်းဆိုလျက်ရှိတယ်။