စစ်ကောင်စီဟာသူတို့ပြုလုပ်မယ့်ရွှေးကောက်ပွဲအတွက်ဒေါ်အောင်ဆန်းစုကြည်နဲ့NLDပါတီကိုအသုံးချဖို့ကြံစည်နေတယ်။၂၀၂၃မှာဖေဖော်ဝါရီမှာစစ်ကောင်စီသက်တမ်းကုန်မှာဖြစ်ပြီးရွေးကောက်ပွဲလုပ်မလားအာဏာသိမ်းမလားဆိုတာတခုခုကြေညာရတော့မယ်။ဒီအတွက်နိုင်ငံရေးဖိအားနဲ့သံတမန်ရေးဖိအားတွေကိုလျှော့ချဖို့ဆိုစစ်ကောင်စီဟာဒေါ်အောင်ဆန်းစုကြည်ကိုပွဲထုတ်ကစားရမှာသေချာတယ်။ဒါကြောင့်စစ်ကောင်စီဖက်ကိုယိမ်းသွားတဲ့NLDအမတ်တွေ၊ဗဟိုအလုပ်အမှုဆောင်တွေကိုဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစေပြီးညှိနှိုင်းတာမျိုးစကားပြောဆိုပြီးသဘောထားမှတ်ချက်ရဖို့ကိုလုပ်ဆောင်လိမ့်မယ်။ဒေါ်အောင်ဆန်းစုကြည်ကလဲဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမကျင်းပနိုင်ချိန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးခြင်းစီရဲ့ပြောစကားတွေလက်ခံနားထောင်လိုခြင်းမရှိဘူးလို့ကြိုကာထားတယ်။ဘာပဲဖြစ်ဖြစ်စစ်ကောင်စီဟာသူတို့ရဲ့နိုင်ငံတကာဖိအားကိုလျော့ချဖို့အတွက်တချိန်မှာဒေါ်အောင်ဆန်းစုကြည်ကိုပွဲထုတ်လာလိမ့်မယ်။
ဧပြီ ၃၀၊ ၂၀၂၅။ (ဗုဒ္ဓဟူး)
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို အေအေကသိမ်းပိုက်ထားပြီးနောက် ရခိုင်မြောက်ပိုင်းမှာနယ်စပ်ချင်းထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အေအေနဲ့ဆက်ဆံမှုတွေပြုလုပ်လာပါတယ်။...