မကွေးလေတပ်စခန်းကိုရှော့တိုက်ဒုံးနဲ့အပစ်ခံရလို့စစ်ကောင်စီရဲ့တိုက်လေယာဉ်တချို့ပျက်စီးသွားတယ်လို့သိရတယ်။တိုက်လေယာဉ်တွေပျက်စီးတဲ့သတင်းကတော့မသေချာသေးပေမယ့်လေတပ်စခန်းကိုတော့ရှော့တိုက်ဒုံးနဲ့တကယ်အပစ်ခံရတာပါ။ပုံမှန်လုပ်နေကြနေ့စဉ်လေယာဉ်အတက်အဆင်းတွေမလုပ်နိုင်တော့ဘူးလို့ဒေသခံတွေကပြောတယ်။ထိုမစ်ရှစ်ကိုKNUကဦးဆောင်ခဲ့တာတဲ့။မကွေးလိုမြန်မာပြည်အလယ်ပိုင်းဒေသအထိKNUလက်တံတွေရောက်နေပြီလားစဉ်းစားစရာပဲ။လေပေါ်မှာပျံနေတဲ့စစ်တပ်ရဲ့လေယာဉ်တွေကိုထိခိုက်အောင်မလုပ်နိုင်သေးရင်မြေပြင်လေတပ်စခန်းတွေကိုအဝေးကနေတိုက်ခိုက်တဲ့နည်းဗျူဟာကနောက်ပိုင်းမှာအလုပ်ဖြစ်နိုင်တယ်။မကွေးလေတပ်စခန်းဆိုတာအရင်ကလဲမကြာခဏအတိုက်ခိုက်ခံရဖူးတယ်။
မြောင်မြို့နယ်ဘက်ကတိုက်ပွဲတွေမှာလဲလေတပ်ကမှားယွင်းပစ်ခတ်လို့မြေပြင်မှာPDFအယောင်ဆောင်ထားတဲ့စစ်ကောင်စီတပ်သားငါးဆယ်ကျော်သေဆုံးသွားတယ်လို့သိရတယ်။စစ်ကောင်စီရဲ့လေတပ်ဂြိုလ်ဆိုးစဝင်နေပြီထင်တယ်။