ရန်ကုန်ကYBS BUSကားတွေပေါ်မှာလုယက်အကြမ်းဖက်မှုတွေတနေ့တခြားပိုမိုဆိုးရွားလာနေပြီ။အရင်ကBUSကားတွေပေါ်မှာခါးပိုက်နှိုက်မှုတွေလောက်သာရှိခဲ့ရာမှအခုဆိုရင်အနုကြမ်းစီးမှုတွေပါဖြစ်ပေါ်လာတယ်။ခါးပိုက်နှိုက်တွေလဲအရင်ကထပ်သိသိသာသာပေါများလာတယ်။ကျူးလွန်သူတွေဟာတစ်ယောက်ထဲမဟုတ်ပဲအဖွဲ့လိုက်ကျူးလွန်ကြတယ်။ကိုယ့်ပစ္စည်းပါသွားရင်ဘယ်တော့မှပြန်မရဘူး။ရဲစခန်းလဲအားကိုးလို့မရဘူး။အချက်အလက်တွေအရလိုင်းကားတွေပေါ်မှာခါးပိုက်နှိုက်ခံရသူအနည်းဆုံးတစ်ရက်ကိုသုံးဦးအထက်ရှိနေတယ်။ကိုယ်တိုင်လဲခံရတာနှစ်ခါရှိပြီ။သတိရှိလို့သာဘာပစ္စည်းမှမဆုံးသွားတာပါ။
အခုနောက်ပိုင်းကျူးလွန်သူတွေဟာBUSကားတွေပေါ်မှာပေါ်ပေါ်ထင်ထင်ဓားမြတိုက်လာကြတယ်။နေ့ခင်းပိုင်းကားချောင်တဲ့အချိန်မျိုးကိုရွှေးပြီးကားပေါ်ကိုအုပ်စုလိုက်တက်လာကြပြီးဓားပြချိန်းခြောက်ကာခရီးသည်တွေဆီကလုယက်ကြတယ်။ဘယ်သူမှလဲမကူညီနိုင်ကြဘူး။ဒီလိုဖြစ်ရပ်မျိုးအရင်ကစိတ်ကူးထဲတောင်မကြားဖူးဘူး။အခုဆိုရင်BUSကားစီးရတာကားကြပ်ရင်ခါးပိုက်နှိုက်ရန်ကြောက်ရပြီးကားချောင်ရင်ဓားမြတိုက်ခံရမှာကြောက်နေရတယ်။