အင်ဒိုနီးရှားမှာပြုလုပ်မယ့်Global Town Hall 2022 အခမ်းအနားမှာNUGနိုင်ငံခြာရေးဝန်ကြီးဒေါ်ဇင်မာအောင်မိန့်ခွန်းပြောမယ့်အစီအစဉ်ကိုအခမ်းအနားစခါနီးမှဖျက်သိမ်းခြင်းခံလိုက်ရတယ်။ကုလသမဂ္ဂအရာရှိတစ်ယောက်ကကန့်ကွက်တဲ့အတွက်အခုဖြစ်သွားတာလို့သိရတယ်။ မြန်မာနိုင်ငံကစစ်ပွဲအတွင်းမှာ ကုလသမဂ္ဂအနေနဲ့ တစ်ဖက်ဖက်ကို ရွေးချယ်လိုက်တယ်လို့ အထင်ခံရမှာကို ကြောက်ရွံစိုးရိမ်တဲ့အတွက် Global Town Hall 2022 အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ပြောရေးဆိုခွင့်ရှိသူတွေကိုချန်လှပ်ထားဖို့တောင်းဆိုခဲ့တာဖြစ်တယ်။အခမ်းအနားစီစဉ်တွေအနေနဲ့ ဖိတ်ကြားထားနှင့်ပြီးသား မြန်မာနိုင်ငံရဲ့ တရားဝင်ပြောရေးဆိုခွင့်ရှိသူတွေကို ပယ်ဖျက်မယ့်အစား ဖိအားပေးတဲ့ ကုလသမဂ္ဂအရာရှိကို ဖိတ်ကြားထားမှုကို ရုပ်သိမ်းခဲ့သင့်တယ်တာ။ မြန်မာပြည်သူတွေ ဖမ်းဆီးညှင်းပန်းသတ်ဖြတ်ခံနေရချိန်မှာ ကုလသမဂ္ဂက ဘက်လိုက်တယ်လို့အထင်ခံရမှာစိုးပြီး ကြားနေမူဝါဒကိုဆက်ထိန်းနေတယ်။ကုလသမဂ္ဂရဲ့ရပ်တည်မှုဟာအတော်စိတ်ပျက်စရာကောင်းနေပြီ။မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကိုပါလိုက်လံပိတ်ပင်နေတယ်။ကြေငြာချက်တွေထုတ်နေယုံကလွဲလို့အတော်အသုံးမကျတဲ့အဖွဲ့အစည်းပဲ။
ဒီဇင်ဘာ ၀၄၊ ၂၀၂၄။ (ဗုဒ္ဓဟူး)
ကချင်ပြည်နယ်၊ဗန်းမော်မြို့ကို KIAကဒီမနက်မှာပဲ စတင်တိုက်ခိုက်နေပါပြီ။ဗန်းမော်မြို့ဟာကချင်ပြည်နယ်မှာ ဒုတိယအကြီးဆုံးမြို့ဖြစ်တယ်။နယ်မြေချင်းတဆက်ထဲတည်ရှိနေတဲ့ မံစီမြို့ကိုပါ...