ဒီနေ့ကတော့တန်ဆောင်မုန်းလပြည့်နေ့ပါ။အရင်တုန်းကတော့မိုးလေကင်းလွတ်သီတင်းကျွတ်နဲ့တန်ဆောင်တိုင်လတွေဆိုတာသင်္ကြန်ပွဲတော်ပီးရင်မြန်မာနိုင်ငံမှာအစည်ကားဆုံးလတွေပါ။သီတင်းကျွတ်လမှာမီးထွန်းပွဲတွေနဲ့မီးပုံးပျံတွေလွတ်ကြတယ်။တန်ဆောင်မုန်းလမှာကထိန်ပွဲနဲ့နိဗ္ဗာန်ဈေးပွဲတော်တွေရှိတယ်။စစ်အာဏာသိမ်းပီးနောက်ဒီလိုအချိန်မှာဘာပွဲတော်မှမရှိတော့ဘူး။ကထိန်ပွဲလောက်ပဲရိုးရာမပျက်မည်ကာမတ္တလောက်သာလုပ်နိုင်ကြတော့တယ်။ပြည်သူတွေအချင်းချင်းအလှူကြီးပေးတဲ့ပုံစံနဲ့ပြုလုပ်ကြတဲ့နိဗ္ဗာန်ဈေးပွဲတော်ဆိုတာပျောက်ကွယ်သွားတာသုံးနှစ်လောက်ရှိနေပြီ။မြန်မာပြည်မှာအပျော်တွေပျေက်ဆုံးနေတာကြာြပီ။
ဒီနှစ်တွေမှာတော့တန်ဆောင်မုန်းလမှာလူတွေပုံစံတမျိုးနဲ့အပျော်တွေဖန်တီးလာကြတယ်။ဒီနေ့လိုညမျိုးမှာပံသကူပစ်ကြကောက်ကြတယ်။ပံသကူပစ်တယ်ဆိုတာလှူတဲ့သူကလှူမယ့်ပစ္စည်းကိုတနေရာမှာဖွတ်ထားရပြီးကောက်တဲ့သူကရှာဖွေကောက်ရတာပါ။အခုတော့ပုံစံတွေပြောင်းကုန်တယ်။လမ်းမတွေပေါ်မှာသွားလာနေတဲ့ကားတွေကပိုက်ဆံတွေပစ်ချသွားကြတယ်။ကောက်မယ့်သူတွေကလဲလမ်းမတွေရဲ့နဘေးမှာတပုံကြီးပဲ။ယာဉ်အန္တရာယ်ကိုဂရုမစိုက်ကြပဲဝရုန်းသုန်းကားနဲ့ပိုက်ဆံလိုက်ကောက်နေကြတယ်။ရိုးရာဓလေ့တွေလဲပျက်စီးကုန်ကြပြီ။