စစ်ကောင်စီဟာနိုင်ငံပုံမှန်ပြန်လည်လည်ပတ်နေသယောင်ပြသချင်နေတဲ့အတွက်တန်ဆောင်တိုင်ပွဲတော်တွေကိုစည်ကားအောင်နိုင်ငံတဝန်းမှာပြုလုပ်နေတယ်။သူတို့အဲ့ဒီလိုလုပ်လေလေပြည်သူကလက်မခံလေလေပဲ။
ပြင်ဦးလွင်မှာနှစ်နှစ်ကြာရပ်နားထားခဲ့ရတဲ့မီးပုံပျံပွဲကိုဒီနှစ်စစ်ကောင်စီကအခမ်းအနားနဲ့သေချာဖွင့်လှစ်ကျင်းပခဲ့တယ်။မီးပုံးပျံခြောက်ဆယ်ကျော်ကိုလဲလွှတ်တင်ဖို့စီစဉ်ထားတယ်။ဒါပေမယ့်ဖွင့်ပွဲနေ့ကတည်းကသူတို့လူကလွဲပြီးမြို့ခံတွေဘယ်သူမှမလာကြဘူး။စည်စည်ကားကားမရှိတဲ့အတွက်လောင်းကစားဝိုင်းနဲ့အရက်ဝိုင်းတွေကိုစစ်ကောင်စီကိုယ်တိုင်မီးပုံပျံပွဲမှာထည့်သွင်းစေတယ်။ထိုလောင်းကစားဝိုင်းတွေကိုဗိုလ်မှုးတစ်ဦးကကန်ထရိုက်ယူထားတယ်လို့လဲသိရတယ်။ပြင်ဦးလွင်မီးပုံးပျံပွဲဟာရိုးရာဓလေ့ပွဲတော်တစ်ခုဖြစ်ပြီးလောင်းကစားဝိုင်းတွေနဲ့ဘယ်လိုမှအပ်ဆက်မှုမရှိဘူး။စစ်ကောင်စီဟာပွဲတော်ရဲ့ပုံရိပ်ကိုရောလူတွေရဲ့အကျင့်စာရိတ္တကိုပါရည်ရွယ်ချက်ရှိဖျက်စီးဖို့ကြိုးစားနေတယ်။လူစည်ကားရင်ပီးရောမကောင်းတာမှန်သမျှလုပ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးလုပ်နေတာပဲ။
ပဲခူးမြို့မှာလဲရွှေမောဓောဘုရားဘေးမှာတန်ဆောင်တိုင်ဘုရားပွဲပြုလုပ်နေတယ်။ဘယ်ပြည်သူမှမလာလို့သူလူတွေကိုပဲနေရာရွှေ့ခိုင်းပြီးစည်ကားသယောင်ဓာတ်ပုံရိုက်ဝါဒဖြန့်နေရတယ်။ပဲခူးမြို့မှာသပိတ်တွေအားကောင်းစဉ်ကာလတုန်းကစစ်တပ်ကအကြမ်းဖက်ဖြိုခွဲလို့တစ်ရက်ထဲအပစ်မဲ့ပြည်သူရှစ်ဆယ်ခန့်ကျဆုံးဖူးတယ်။မြို့ခံတွေကအားမတန်လို့မာန်လျှော့ထားရပေမယ့်စစ်ကောင်စီကိုအော့နှလုံးနာနေကြပြီ။