NUGကရန်ပုံငွေရှာတဲ့ပရောဂျက်တွေထဲကတစ်ခုဖြစ်တဲ့မန္တလေးမြို့အရှေ့ဘက်ရေတံခွန်တောင်မြေကွက်တွေပထမအသုတ်ရောင်းကုန်သွားလို့ဒုတိယအသုတ်အနေနဲ့အကွက်နှစ်ရာကျော်ထပ်မံရောင်းချနေတယ်။ဒီတခေါက်မှာတော့တစ်ဦးထဲဒေါ်လာ၂.၃သန်းကျော်ဝယ်ယူသွားမှုမျိုးတွေရှိလာတယ်။ပြည်တွင်းကခရိုနီတွေ၊လုပ်ငန်းရှင်ကြီးတွေတော်လှန်ရေးရံပုံငွေရှာဖွေမှုမှာပါဝင်လာပြီလား။
အရင်တုန်းကရံပုံငွေရှာဖို့ဆိုရင်မူးစုပဲစုရှာနေရတဲ့အနေအထားမှာသူတို့တွေသာပါဝင်လာမယ်ဆိုရင်ငွေအလုံးအရင်းနဲ့ရလာမှာဖြစ်တဲ့အတွက်အောင်ပွဲရဖို့ပိုမြန်လာလိမ့်မယ်။သူတို့တွေဒီထက်ပိုပြီးပါဝင်လာနိုင်ဖို့NUGအနေနဲ့ကလဲအလုပ်ကောင်းကောင်းလုပ်ပြနိုင်ဖို့လိုလိမ့်မယ်။အခုဆိုရင်ရံပုံငွေရရှိနှုန်းဟာအရင်ကထက်အများကြီးတိုးတက်လာပြီ။လုံလောက်မှုမရှိသေးဘူးဆိုပေမယ့်ဒီထက်ပိုပြီးငွေဝင်လာဖို့တော်လှန်ရေးမှာသိသာထင်ရှားတဲ့ရလဒ်တွေဖန်းတီးနိုင်ဖို့လိုလာပြီ။