ပီးခဲ့တဲ့လကရန်ကုန်ရှိအငြိမ်းစားဗိုလ်ချုပ်တစ်ယောက်ကိုလုပ်ကြံနိုင်ခဲ့တဲ့UGအဖွဲ့ကတချို့ကလေးတွေအဖမ်းခံလိုက်ရတယ်။စစ်ကောင်စီကဖမ်းမိတဲ့အကြောင်းကိုသတင်းထုတ်ပြန်သလို့အဆိုပါအဖွဲ့ကလုံခြုံရေးကျိုးပေါက်မှုကြောင့်လို့ဝန်ခံထားတယ်။အတော်နှမြောစရာကောင်းတဲ့ဖြစ်ရပ်ပဲ။ရန်ကုန်ရောမန္တလေးမှာပါUGအဖွဲ့တွေဆက်တိုက်အဖမ်းခံနေရလို့သိပ်မကျန်တော့ဘူး။လှုပ်ရှားမှုတွေလဲသိသိသာသာနည်းသွားပြီ။
အလားတူရန်ကုန်မှာအဓိကလှုပ်ရှားနေတဲ့စမ်းချောင်းသပိတ်အဖွဲ့ကလဲသပိတ်တွေဆက်လက်ဖော်ဆောင်လှုပ်ရှားဖို့ဘယ်လိုမှအဆင်မပြေတော့လို့လွတ်မြောက်နယ်မြေတစ်ခုကိုထွက်ခွာသွားပြီလို့ကြေငြာတယ်။ဒါဟာလဲအမှန်တရားတစ်ခုပဲ။သူတို့မြို့ပေါ်မှာဆက်နေရင်အနှေးနဲ့အမြန်အဖမ်းခံရဖို့ပဲရှိမယ်။မြို့ပေါ်သပိတ်ဆိုတာကလဲဒီအချိန်မှာထိရောက်မှုသိပ်မရှိတော့ဘူး။လုပ်ရတာနဲ့ပေးဆပ်ရတာမတန်တော့ဘူး။သူတို့လေးတွေလုံခြုံတဲ့တနေရာမှာပဲကိုယ်တတ်နိုင်တာကိုဆက်လုပ်နေတာပိုပြီးအဆင်ပြေလိမ့်မယ်။ရလဒ်ကတော့မြို့ကြီးတွေကိုစစ်ကောင်စီကအပိုင်အုပ်စီးမိပီလို့ပြောနိုင်ပီပေါ့။