ဒီရက်ထဲမှာအကျဉ်းကျခံနေရတဲ့အနုပညာရှင်တွေဖြစ်တဲ့အဆိုတော်ပိုပို၊မဝင်းမင်းသန်းနဲ့ဒါရိုက်တာမိုက်တီးတို့ပြန်လွတ်လာကြတယ်။ဒါကြောင့်လက်ရှိထောင်ထဲမှာကျန်နေတဲ့အနုပညာရှင်တွေသိပ်မရှိတော့ဘူး။ပြန်လွတ်လာတဲ့သူအတော်များများကလဲအနုပညာလှုပ်ရှားမှုတွေသိပ်မလုပ်ကြတော့ဘူး။နာမည်ကြီးမော်ဒယ်ပိုင်တံခွန်တောင်အလုပ်ပေါ်ပေါ်ထင်ထင်ပြန်လုပ်နေတဲ့အတွက်ဝေဖန်ခံနေရတယ်။အနုပညာရှင်တွေအနေနဲ့ဒီအချိန်မှာစစ်ကောင်စီနဲ့ဝေးဝေးနေပြီးဘာမှမလှုပ်ရှားတာပိုကောင်းလိမ့်မယ်။မဟုတ်ရင်ပြည်သူတွေရဲ့ငြိုငြင်မှုကိုခံရနိုင်တယ်။
ဒီနေ့ည၈နာရီမှာကချင်အနန့်ပါဖြစ်ရပ်ဝမ်းနည်းခြင်းအထိမ်းအမှတ်မီးပိတ်သပိတ်ပြုလုပ်ကြတယ်။မြို့ကြီးတွေမှာနေရာတိုင်းမလုပ်နိုင်ပေမယ့်သူ့နေရာနဲ့သူတော့ကွက်ကြားပါဝင်ကြပါတယ်။အခုနောက်ပိုင်းထိုပုံစံသပိတ်တွေကိုစိတ်ဝင်စားသိရှိမှုတဖြည်းဖြည်းနည်းသွားပြီ။စစ်ကောင်စီကခြိမ်းခြောက်ရမ်းကားနေတာလဲပါမှာပေါ့။လူစိတ်ဝင်စားမှုနည်းလာတဲ့အလျောက်နောက်ပိုင်းထိုပုံစံသပိတ်တွေလဲပျောက်ကွယ်သွားလိမ့်မယ်။