အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေမြန်မာအရေးအရေးပေါ်အစည်းအဝေးလုပ်ကြတယ်။လာမယ့်လမှာကျင်းပမယ့်အာဆီယံထိပ်သီးညီလာခံမှာစစ်ကောင်စီကိုဘယ်လိုကိုင်တွယ်ကြမလဲဆိုတာကိုအကြိုဆွေးနွေးကြတာပါ။ကြေငြာချက်တစ်စုံတရာတော့မထုတ်ပြန်သေးဘူး။စင်ကာပူဝန်ကြီးကတော့အာဆီယံအတွက်ခက်ခဲတဲ့ဆုံးဖြတ်ချက်ချဖို့အချိန်ကျလာပြီလို့ပြောသွားတယ်။လာမယ့်နှစ်မှာအင်ဒိုနီးရှားကအလှည့်ကျဥက္ကဌဖြစ်လာမှာပါ။ဘာပဲဖြစ်ဖြစ်အာဆီယံအနေနဲ့စစ်ကောင်စီအပေါ်အမြင့်ဆုံးအရေးယူနိုင်တာတစ်ခုကအာဆီယံကမြန်မာကိုထုတ်ပစ်လိုက်တာပဲ။အာဆီယံကမြန်မာကိုထုတ်ပစ်လိုက်လဲစစ်ကောင်စီကအရေးလုပ်နေမှာမဟုတ်ဘူး။သူ့အတွက်ဘာမှထိခိုက်နစ်နာမှုရှိမှာမဟုတ်ဘူး။မြန်မာ့အရေးကိုအာဆီယံလက်ထဲထည့်ထားသမျှတော့စစ်ကောင်စီစိတ်ကြိုက်ဖြစ်နေမှာပဲ။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...