စစ်ကိုင်းတိုင်းပုလဲမြို့နယ်ကပြည်သူ့ကာကွယ်ရေးအဖွဲ့ရုံးလေကြောင်းကနေစီးနင်းတိုက်ခိုက်ခံလိုက်ရတယ်။ရဟတ်ယာဉ်တွေနဲ့စစ်သားတွေချပြီးပစ်ခတ်စီးနင်းသွားတာဖြစ်တယ်။ကြိုတင်သတင်းရတဲ့အတွက်PDFတွေဖက်ကထိခိုက်မှုတော့မရှိခဲ့ဘူး။ရုံးနဲ့ရုံးတွင်းပစ္စည်းတွေကိုတော့လက်လွှတ်လိုက်ရတယ်။ရုံးအတွင်းမှာဖမ်းထားတဲ့စစ်ကောင်စီသတင်းပေးတွေနဲ့ပစ်မှုကျူးလွန်ထားသူတွေကိုတော့စစ်တပ်ကခေါ်ဆောင်သွားတယ်။တချို့တွေကိုလဲနေရာမှာတင်သတ်ဖြတ်သွားတယ်။အနီးနားတဝိုက်ကိုစစ်သူပုန်တွေကဆက်လက်စစ်ကြောင်းထိုးရာမှာPDFတွေနဲ့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားပြီးစစ်သူပုန်၃၀ခန့်သေဆုံးသွားတယ်။ထိုစစ်ကြောင်းဟာရဟတ်ယာဉ်တွေနဲ့ပဲပြန်လည်ဆုတ်ခွာသွားတယ်။
မြောင်မြို့နယ်မှာလဲအလားတူလေကြောင်းကစီးနင်းခံရလို့PDFစခန်းတစ်ခုလက်လွှတ်လိုက်ရတယ်။လူတွေတော့ဘာမှထိခိုက်မှုမရှိပေမယ့်စခန်းသိမ်းခံရတာကြောင်းလက်နက်ခဲယမ်းပစ္စည်းရိက္ခာတွေဆုံးရှုံးကုန်တယ်။စစ်ကိုင်းနဲ့မကွေးမှာစစ်သူပုန်တွေမြေပြင်ကစစ်ကြောင်းမထိုးနိုင်တော့တာကြောင့်လေကြောင်းကနေပဲအလစ်ဝင်ရောက်တိုက်ခိုက်တဲ့ဗျူဟာကိုပြောင်းလဲကျင့်သုံးလာနေပြီ။ဒါကိုတန်ပြန်နိုင်ဖို့တော်လှန်ရေးအဖွဲ့တွေအနေနဲ့နည်းလမ်းရှာဖို့လိုနေပြီ။