အနန့်ပါကျေးရွာဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့်သေဆုံးသူအရေအတွက်တစ်ရာနီးပါးဖြစ်လာပြီ။ဒဏ်ရာရသူတွေကိုဖားကန့်ဘက်ကဆေးရုံတွေကိုပို့ဆောင်နိုင်ဖို့စစ်ကောင်စီကလက်မခံပဲလမ်းတွေပိတ်ဆို့ထားတာကြောင့်လူနာတွေသွေးထွက်လွန်ပြီးသေဆုံးသူအရေအတွက်တိုးလာခြင်းဖြစ်တယ်။အရပ်သားတွေအပေါ်ဗုံးကြဲတိုက်ခိုက်ပြီးဒဏ်ရာရသူတွေကိုဆေးရုံတင်ခွင့်မပေးတာဟာတော်တော်ယုတ်မာရိုင်းစိုင်းတဲ့စစ်ကောင်စီရဲ့အပြုအမူပဲ။
KIAဖက်ကဒီဖြစ်ရပ်အပေါ်တန်ဖိုးကြီးတဲ့ရင်းနှီးမှုဟာတော်လှန်ရေးအတွက်အားဖြစ်စေမယ်လို့ပြောလိုက်တယ်။KIAဗိုလ်ချုပ်ဂွမ်မော်ကဆိုရှယ်မီဒီယာမှတဆင့်မင်းအောင်လှိုင်အပေါ်အိတ်ဖွင့်ပေးစာပို့တယ်။ဒီဖြစ်ရပ်မတိုင်ခင်အထိKIAဟာစစ်ကောင်စီကိုတိုက်စစ်မဖွင့်သေးပဲခုခံစစ်သာဆင်နွှဲနေတာပါ။အခုစစ်ကောင်စီရဲ့အဆင်အခြင်မဲ့လုပ်ရပ်ကြောင့်ကချင်ပြည်နယ်မှာတိုက်ပွဲကြီးတွေဖြစ်လာလိမ့်မယ်လို့ခန့်မှန်းနေကြတယ်။
စစ်ကောင်စီဟာနွေဦးတော်လှန်ရေးမှာEAOအဖွဲ့တွေကိုမပါပါအောင်ဆွဲခေါ်နေသလိုပဲ။ပထမဆုံးKNUနယ်မြေထဲကလေးကေကော်ဒေသကိုစစ်ကြောင်းထိုးပြီးKNUကိုဆွဲခေါ်ခဲ့တယ်။ပြီးတော့အေအေစစ်စခန်းတစ်ခုကိုဗုံးကြဲတိုက်ခိုက်ပြီးငြိမ်သက်နေတဲ့ရခိုင်မှာအေအေနဲ့စစ်မျက်နှာအသစ်ဖွင့်ခဲ့တယ်။အခုလဲKIAကိုစစ်ကြေငြာလိုက်ပြီ။စစ်ကောင်စီဟာအိပ်နေတဲ့ကျားကိုသွားနိုးလိုက်တာပဲ။