FATAရဲ့အမည်မဲစာရင်းထည့်သွင်းမှုကြောင့်တက်သွားခဲ့တဲ့ဒေါ်လာဈေးတွေဟာဒီနေ့မှာပဲယခင်နှုန်းထားတွေကိုပြန်ရောက်လာခဲ့ပါြပီ။တကယ်ဆိုရင်ထိုသတင်းနဲ့ဒေါ်လာဈေးတက်တာနဲ့ဘာမှမဆိုင်ဘူး။မြန်မာပြည်မှာကတစ်ခုခုဆိုဈေးဆွဲတင်ဖို့ပဲဝိသမလောဘသားစီးပွားရေးသမားတွေကချောင်းနေကြတယ်။သတင်းထွက်လာချိန်မှာပိတ်ရက်တွေဖြစ်နေတာကလဲအနည်းငယ်ခံသာသွားတယ်။
ဒါပေမယ့်ထိုအမည်မဲစာရင်းကြောင့်အခုကတည်းကကောင်းမနေတဲ့မြန်မာပြည်ရဲ့စီးပွားရေးကိုရေရှည်မှာအကြီးအကျယ်ထိခိုက်စေလိမ့်မယ်။ငွေကြေးလွဲပြောင်းမှုတွေကိုအဆင့်ဆင့်စစ်ဆေးတော့မှာဖြစ်တဲ့အတွက်စီးပွားရေးလုပ်ငန်းရှင်တွေအလုပ်တွေအများကြီးပိုရှုပ်သွားမယ်။ဒါကြောင့်ပြည်ပရင်းနှီးမြုပ်နှံမှုတွေလုံးဝလာမှာမဟုတ်တော့ဘူး။ပြည်တွင်းမှာကျန်နေသေးတဲ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေလဲထွက်ကုန်တော့မှာပဲ။မြန်မာကျပ်ငွေတန်ဖိုးဟာချက်ချင်းထိုးမကျသေးပေမယ့်ဒေါ်လာလိုအပ်ချက်ပိုများလာတာကြောင့်တဖြည်းဖြည်းချင်းကျလာလိမ့်မယ်။အခုလက်ရှိကျဆင်းနေတဲ့မြန်မာစီးပွားရေးကိုအဆင်းမှာဘီးတက်ပေးသလိုဖြစ်လာလိမ့်မယ်။FATAရဲ့အမည်မဲစာရင်းထည့်သွင်းမှုကြောင့်စစ်ကောင်စီတစ်ခုထဲမဟုတ်ဘဲပြည်သူတစ်ရပ်လုံးကိုပါထိခိုက်စေလိမ့်မယ်။