မြန်မာနိုင်ငံတဝှမ်း အောက်တိုဘာလ ၁၇ ရက်အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးစာရင်းများ အရ အိုးအိမ်စွန့်ထွက်ပြေးနေရသူ ၁ ဒသမ ၄ သန်းနီးပါး ရှိလာသည်ဟု United Nations OCHA Myanmar က ယနေ့ ထုတ်ပြန်သည်။
အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရသူ တစ်သန်းကျော်ရှိပြီး ယခင်ကရှိနေသည့် နေရပ်စွန့်ခွာရသူဦးရေမှာ ၃၃၀,၄၀၀ ဦးကျော် ဖြစ်သည်ဟု United Nations OCHA Myanmar က ဆိုသည်။