မြန်မာပြည်မှာအကြီးဆုံးထောင်ဖြစ်တဲ့အင်းစိန်ထောင်မှာပေါက်ကွဲမှုဖြစ်ပွားတယ်။ထောင်အဝရှိထောင်ဝင်စာပို့တဲ့နေရာမှာပါဆယ်ဗုံးပုံစံပေါက်ကွဲတာဖြစ်တယ်။ပေါက်ကွဲမှုကြောင့်ထောင်ဝန်ထမ်းတွေနဲ့ထောင်ဝင်စာလာတွေ့တဲ့ပြည်သူတွေသေဆုံးကုန်တယ်။ပေါက်ကွဲမှုဖြစ်ပြီးနောက်စစ်တပ်ကရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့်လမ်းသွားလမ်းလာပြည်သူတွေလဲဒဏ်ရာရကြတယ်။ဒီလုပ်ရပ်ကိုဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာတော့မသိရသေးဘူး။လူတွေကတော့ထင်ကြေးအမျိုးမျိုးပေးနေကြတယ်။စစ်တပ်ကလုပ်တာဖြစ်နိုင်သလိုမြို့ပြပျောက်ကြားတွေလက်ချက်လဲဖြစ်နိုင်တယ်။
ကရင်ပြည်နယ်မှာလဲတိုက်ပွဲတွေကြောင့်ထိုင်းနိုင်ငံနဲ့အဓိကုန်သွယ်မှုပြုလုပ်နေတဲ့အာရှလမ်းမကြီးကိုဒီနေ့ပိတ်လိုက်ပြန်တယ်။ခရီးသွားတွေ၊ကုန်တင်ကားတွေရှေ့တိုးမရနောက်ဆုတ်မရပဲရောက်တဲ့နေရာမှာရပ်ထားရတယ်။ဒီကာလကြီးမှာခရီးသွားရတာဘယ်နေရာမှစိတ်မချရတော့တဲ့ပုံစံဖြစ်လာပြီ။