အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဘားအံရောက်ရှိနေစဉ်မှာပဲကရင်ပြည်နယ်အောက်ပိုင်းကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာစစ်ကောင်စီစစ်ကြောင်းနောက်တစ်ခုKNUရဲ့တိုက်ခိုက်ခြင်းကိုခံရလို့သေဆုံးမှုများပြီးအရာရှိအဆင့်တွေကိုပါအရှင်ဖမ်းမိလိုက်တယ်။ထိုစစ်ကြောင်းဟာအရင်လကတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့မြဝတီဝေါလေဘက်ကိုထောက်ပို့လုပ်ရင်းအပြန်မှာတိုက်ခိုက်ခံရတာပဲ။လက်နက်တွေလဲအလက်၂၀လောက်သိမ်းဆည်းရမိလိုက်တယ်။
အခုဆိုရင်ကရင်ပြည်နယ်ထဲမှာမြို့တော်ဘားအံနားအနီးတဝိုက်ကလွဲပြီးတိုက်ပွဲတွေပြန့်နှံနေပြီ။KNU ဟာကရင်ပြည်နယ်သာမကပဲမွန်ပြည်နယ်ထဲမှာလဲမော်လမြိုင်နားတဝိုက်ကလွဲပြီးစစ်ရေးလှုပ်ရှားမှုတွေခပ်စိပ်စိပ်ပြုလုပ်နေတယ်။မနေ့ကတင်မွန်ပြည်နယ်ထဲမှာမင်းအောင်လှိုင်ရဲ့လုံခြုံရေးစစ်ကြောင်းတိုက်ခိုက်ခံလိုက်ရတာသက်သေပဲ။ထို့အပြင်တနသာရီတိုင်းထဲမှာလဲKNUနဲ့ PDF တွေပူးပေါင်းပြီးတိုက်ပွဲဝင်နေတယ်။မြန်မာပြည်ရဲ့အရှေ့တောင်ဖက်ပိုင်းဟာစစ်ကောင်စီအတွက်တဖြည်းဖြည်းနယ်မြေကျဉ်းမြောင်းလာပြီ။