မော်လမြိုင်ရောက်နေတဲ့မင်းအောင်လှိုင်ကိုလုံခြုံရေးယူပေးတဲ့စစ်ကြောင်းရန်ကုန်အပြန်လမ်းမှာတိုက်ခိုက်ခံလိုက်ရတယ်။KNUကအလစ်ချုံခိုတိုက်ခိုက်တာဖြစ်ပြီးစစ်တပ်ဖက်ကအရာရှိတွေအပါအဝင်အများအပြားသေဆုံးကုန်တယ်။မင်းအောင်လှိုင်ကတော့မော်လမြိုင်ကနေဘားအံကိုရဟတ်ယာဉ်နဲ့ပြန်သွားပြီ။အခုလိုမျိုးစစ်ကောင်စီရဲ့VVIPတွေကိုလုံခြုံရေးယူပေးနေတဲ့စစ်ကြောင်းတိုက်ခိုက်ခံရတာဟာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ဗျူဟာတစ်ဆင့်တက်လာတာလို့ပြောရမယ်။အရင်ကထိုလမ်းကြောင်းတွေဟာစစ်ကောင်စီအတွက်အေးအေးလူလူအနှောက်အယှက်လုံးဝမရှိပဲသွားလာလို့ရတဲ့နေရာတွေပဲ။အခုတော့ထိုနေရာတွေပါမလုံခြုံတော့ဘူး။ဒီဖြစ်ရပ်ဟာစစ်ကောင်စီထိပ်ပိုင်းကသူတွေကိုလဲခြောက်ခြားစေလိမ့်မယ်။
သြဂုတ် ၃၀၊ ၂၀၂၅။ (စနေ)
တရုတ်နိုင်ငံရဲ့ဖိအားကို အပြင်းအထန်ရင်ဆိုင်နေရတဲ့မြောက်ပိုင်းညီနောင်နှစ်ဖွဲ့ဖြစ်တဲ့ MNDAAနဲ့TNLAနှစ်ဖွဲ့လုံး အခြေအနေသိပ်မကောင်းပါဘူး။MNDAA ဘက်ကတစ်စုံတရာမထုတ်ပြန်သေးပေမယ့်...